ကိုရစ်ကီကျော်-မြန်မာ​မော်​တော်

Sep 1, 20191 min

Adblue / NOx Error ပြသနာကြောင့် အင်ဂျင်ပါဝါလျော့ကျတာ သတိထားမိသလား

Updated: Oct 12, 2019

အတော်ဆုံး Volvo ယာဉ်မောင်းတို့ရေ ...

ကျွန်တော်တို့ နေ့စဉ်ကြုံနေရတဲ့ အတွေ့ကြုံတွေထဲကမှ..

အတော်ဆုံး Volvo ယာဉ်မောင်းတို့အတွက်ရည်ရွယ်လို့ ..မှတ်သားနိုင်စေရာ ဗဟုသုတ တချို့ မျှဝေပေးပါတယ်ဗျား..

Volvo FH Euro4 Euro5 ကားကြီးများရဲ့ ၉၀% မှာ Adblue / NOx Error ပြသနာကြောင့်

အင်ဂျင်ပါဝါ ေလျာ့နည်းနေမှု့ကိုတွေ့ရမှာဖြစ်ပြီး အများဆုံးတွေ့နေရတဲ့ Error ကုတ်နံပတ်မှာ နာမည်ကျော်ဖြစ်တဲ့ MID-128 – PSID-42 – 45 တို့ဖြစ်ကြပါတယ်။

ဒီပြသနာကုတ်နံပတ်ဟာ အင်ဂျင်စနစ်အတွင်းမှာInactive အဖြစ် တိတ်တဆိတ် ခိုအောင်းမှတ်သားထားတတ်တဲ့အတွက် Control Unit ကို Test Mode ပြောင်းပြီး စစ်လိုက်ရင်တော့ အသေးစိပ်တွေ့ရတတ်ပါတယ်။ ဒီကိစ္စဟာ Adblue ကိုကျော်လိုက် တဲ့အတွက် ဖြစ်ပေါ်လာရပြီး .. စကျော်လိုက်တဲ့ရက်ကနေ စပြီးရေတွက်ရင် ရက်ပေါင်း ၃၇၀ကျော်လောက်ဆိုမှ ပညာစပြတတ်ပါတယ်။

အခုဆို ကားအားလုံးနီးပါး ဒီပြသနာကိုယ်စီနဲ့ပါ..

ဖြစ်တတ်ပုံက ပုံမှန်မောင်းနေရင်း လီဘာပြောက်သွားတတ်ပါတယ်..

ကုန်အပြည့်နဲ့ အတက်လမ်းတွေမှာ လီဘာနင်းမရဖြစ်တတ်ပါတယ်..

ရေအပူချိန် ရုတ်တရတ်ထိုးတက်လာတတ်ပြီး ချက်ချင်းလဲပြန်ကျတတ်ပါတယ်..

စက်နိုးထားရင်ပုံမှန်အတိုင်းနေပေမယ့် ဂီယာစထိုးလိုက်တာနဲ့ လီဘာနင်းမရဖြစ်တတ်ပါတယ်..

အရင်က အိပ်ဇောဘရိတ်သုံးရင် အင်ဂျင်သံပြောင်း တာမသိသာပေမယ့် ခုချိန်မှာတော့ အင်ဂျင်သံ သိသိသာသာ ပြောင်းလာတတ်ပြီး မီးခိုးတွေပါလိုက် လာတတ်ပါတယ် ..

ဖြစ်တတ်တာက High NOx ကြောင့် အင်းလက်ဘားနဲ့ အိပ်ဇောဘား တိုင်ပင်တွေမမှန်တာကစတတ်ပါတယ်..ပြီးရင် ဆီပို့ ဆီပြန်စနစ်တွေမှာ သက်ရောက်မှု့ရှိတတ်ပြီး အင်ဂျင်ဘက်က လေအထွက်ပိုင်းဖြစ်တဲ့ တာဘိုစနစ်အထိ ပြသနာရှာတတ်ပါတယ် ..

အပူချိန် တက် ကျ မမှန်တာကြောင့် အင်ဂျင်အပေါ်ခြမ်း တိုက်ပစ်ကာဗာအတွင်းက ဝိုင်ယာကြိုးများမှာ မာကြောကြွပ်ဆပ်လာတတ်ပါတယ်.. ဒီကတဆင့် Open Circuit / Short Circuit လို့ခေါ်တဲ့

ဝါယာရင်းပြသနာဖြစ်တတ်လေ့ရှိပါတယ်..

ဖြေရှင်းရန်မှာ Adblue စနစ်ကို အင်ဂျင်စနစ်အတွင်းမှ အပြီးတိုင်ထုတ်လိုက်မှသာ NOx Error ကုတ်ကိုရှင်းလို့ရပါမယ်..

နည်းပညာခေါ်အရဆိုရင် Euro5 Adblue System ကနေ Euro2 Without Adblue System ကိုပြောင်းလိုက်ခြင်းပါပဲ..

ဒီလိုပြောင်းလိုက်ရင် Adblue စနစ်မပါရှိတဲ့အတွက် NOx Error မရှိတော့ပါ..

NOx Error မရှိတော့တဲ့အတွက် အင်ဂျင်ပါဝါလျော့နည်းနေတဲ့ (Torque Reduction) ကိစ္စမရှိနိုင်တော့ပါ..

ဒီတော့မှ နောက်ဆက်တွဲရလဒ် ဖြစ်နိုင်စရာတွေဖြစ်တဲ့..

ဘားတိုင်ပင်တွေ အသေးစိပ်စစ်..

အင်ဂျင်ပေါက်ကွဲအား Compression Ratio တွေ အသေးစိပ်စစ်..

လေသွင်းလေထုတ် တာဘိုစနစ်ကို အသေးစိပ်စစ်..

ဆီပို့ ဆီပြန် Injection စနစ်ကို အသေးစိပ်စစ်..

အင်ဂျင်ဘရိတ် ၊ အိပ်ဇောဘရိတ် Compression Brake / Exhaust Brake စနစ်တွေကို အသေးစိပ်စစ်..

တိုက်ပစ်ကာဗာ ဝါယာရင်းတွေကို အသေးစိပ်စစ်..

ဒါဆို စိတ်ချလက်ချ ခရီးဆက်လို့ရပါပြီလေ..

(ရင်နှင့်ရင်းတဲ့)

မြန်မာမော်တော်

Europe Trucks Service Centre

(၅၈လမ်း ၊ မင်္ဂလာ-ရတနာကြား၊ စက်မှု့၊ မန္တလေးရွှေမြို့တော်)

ကိုရစ်ကီကျော်

၀၉-၇၈ ၅၅၅၉၁၁၉

    530
    3