ကိုရစ်ကီကျော်-မြန်မာ​မော်​တော်

Sep 1, 20191 min

MAN Error Code ကိုယ်တိုင်စစ်ရန်

Updated: Oct 12, 2019

ကြင်နာတတ်သော MAN Europe တွဲခေါင်းမောင်းတဲ့ အတော်ဆုံးကားဆရာတို့ရေ …

ကိုယ်မောင်းနေတဲ့ကားမှာ အရေးကြီး Control Unit လို့ခေါ်တဲ့ ဘောက်တွေကို သိထားသင့်ပါတယ် …

-လေလိုင်းပိုင်းကို APM လို့သိထားရမယ်...

-ဘရိတ်ပိုင်းကို EBS လို့သိထားရမယ်..

-အင်ဂျင်ပိုင်းကို EDC လို့သိထားရမယ်..

-ဂီယာပိုင်းကို AS Tronic (အေ အက်စ် ထရောနစ်) လို့သိထားရမယ်..

-လေအိတ်ပိုင်းကို ECAS (အီးကတ်) လို့သိထားရမယ်..

-မီးပိုင်းဆိုင်ရာအများစုကို ZBR လို့သိထားရမယ်..

-ဘောက်အားလုံးအချုပ် ဝိုင်ယာရင်းပိုင်း FFR (သို့မဟုတ်) PTM လို့သိထားရမယ်..

ဒီလောက်သိရင် တော်ရုံစကေးမဟုတ်လို့ အပွင့်တင်လိုက်ပါ..

ဒီနေ့တော့ အတော်ဆုံး MAN ကားဆရာတို့အတွက် လမ်းမှာ အခက်ကြုံနေရင် အကူညီတခုအနေနဲ့ ဖြစ်ရအောင် ဒီလိုလေး လေ့လာထားစေချင်ပါတယ် …

ဥပမာအရဆိုရင် …

ဒိုင်ခွက်မှာ EBS ပေါ်နေတယ် ဘရိတ်မမှန်..

အင်ဂျင်က နင်းရင်နင်းသလောက် ဂီယာကလိုက် မတက်ဘူး ..

ဘရိတ်က မာရှောဖြစ်နေ ABS မီးလင်း စသည် ဘာညာ ..

ဒါဆိုရင် ဒီစနစ်တွေကို ထိန်းချုပ်တဲ့ဘောက်တွေမှာ ဘာများအမှားရှိနေလဲလို့ အကြမ်းအားဖြင့် ဒိုင်ခွက်ထဲမှာတင် စစ်ကြည့်လို့ရပါတယ် … အကုန်တော့ မသိနိုင်ဘူးကွဲ့ ..

ပေါ်လာတဲ့ Error Code ကို နားလည်သူတွေထံ ဓါတ်ပုံရိုက်ပို့လိုက်ရင် ဘယ် Error Code ကဖြင့် ဆက်မောင်းလို့ရနိုင်တယ် … ဘယ် Error Code ကဖြင့် ဆက်မမောင်းသင့်ဘူးဆိုတာကိုနားလည်သူများ အနေနဲ့ အကြံပေးနိုင်ကြပါမယ်။

အတော်ဆုံးကားဆရာ တို့အလုပ်ဟာ ပြသနာမရှိပဲ လိုရာခရီးရောက်ဖို့..

စက်ပြင်တဲ့ကိစ္စဟာ ကျွမ်းကျင်သူထံအပ်နှံဖို့..

ဒါတွေသိအောင်လုပ်မှ လိုရာခရီးဆက်ဖို့ အထောက်ကူဖြစ်နိုင်မယ်ကွဲ့ ...

(၁) Menu ကိုနှိပ်ပါ

(၂) Tractor vehicle ကိုနှိပ်ပါ

(၃) Monitoring data ကိုနှိပ်ပါ

(၄) Diagnosis ကိုနှိပ်ပါ

(၅) Control unit ကိုနှိပ်ပါ

(၆) DIAG ကိုနှိပ်ရင် လက်ရှိဖြစ်နေတဲ့ပြသနာ(AKTIV!) နဲ့ အရင်ကဖြစ်ခဲ့တဲ့ မှတ်တမ်းအဖြစ် (PASSIV) ဆိုပြီး ပြပေးပါလိမ့်မယ်

(ရ) EBS ကိုနှိပ်ရင် ဘရိတ်စနစ်နဲ့ ပက်သက်တဲ့ပြသနာရှိရင် ပြပါလိမ့်မယ်

(၈) ZBR ကိုနှိပ်ရင် မီးပိုင်းဆိုင်ရာ တွေနဲ့ပြသနာကိုပြပါလိမ့်မယ်

ကိုယ့်ကားဘာဖြစ်နေတယ်ဆိုတဲ့ အခြေနေကို အကြမ်းအားဖြင့် ပြနေတဲ့ Error Message ကုတ်နံပတ်လေးတွေကို ဖုန်းနဲ့ ရိုက်ပြီး နားလည်သူတွေဆီပို့ပေးလိုက်ရင် အကြံပေးနိုင်ကြပါလိမ့်မယ်။

တဆက်ထဲမှာပဲ စက်နိုးပြီးထွက်တော့မယ်ဆိုရင်..

အတော်ဆုံး ကားဆရာတစ်ယောက်အတွက်..

အကောင်းဆုံးကားမှာ ဒါလေးတွေစစ်ဖို့ လက်ဖျားလေးမှာ..

မစစ်ဖြစ်ဘူးဆိုရင်တော့ အတော်ဆုံး စာရင်းမဝင်ဘူးလေ..

အင်ဂျင်အတွက် အရေးကြီးဆုံး အင်ဂျင်ဝိုင် အတွက်စစ်ဖို့ ပုံပါအတိုင်းလက်ဖျားလေးတင်ပါပဲ...

စက်နိုးစအတိုင်း ၂-၃ ဘားရှိနေရမယ်..

မစစ်ဖြစ်ဘူးဆိုရင်တော့ အတော်ဆုံး စာရင်းမဝင်ဘူးလေ..

ဘက်ထရီစနစ်တွက်လဲ လက်ဖျားလေးပါပဲ..

၂၇-၂၈ ဒိုင်နမို အထွက်ရှိနေပြီး ထောက်နှိုးနေရရင် ဘာလုပ်သင့်ပြီလဲ ...

မစစ်ဖြစ်ဘူးဆိုရင်တော့ အတော်ဆုံး စာရင်းမဝင်ဘူးလေ..

ဘရိတ်ရှူး စစ်ရင်လဲ လက်ဖျားလေးမှာပါပဲ..

ရှူးတွေအကုန် ၄၀%အောက်မရောက်သင့်ဘူးဆိုတာ သိထားရပါမယ်.. ကုန်အောင်သုံးမယ်ဆိုရင် သွားတိုက်ဆေးပဲ သင့်တော်ပါတယ် .. နောက်ဆက်တွဲ ဘရိတ်ဒရမ်ကိစ္စတွေ၊ ရှူးကိုတွန်းပေးမယ့် အီဂျက်တာ ကိစ္စတွေ.. အချိန်ဆွဲလေ ကုန်ပေါက် ပိုလေ.. ဆိုတာ သိထားရပါမယ်..

% ဘာမှမပြရင် ဘာလုပ်သင့်လဲ ..

ဒီလောက်သိထားရင် မသိထားသူထက် ဆရာကျတဲ့ ကြင်နာတတ်သောယာဉ်မောင်းဖြစ်ပြီလေ …

ကိုယ်လဲ အချိန်ကုန်ရကျိုးနပ်ပြီလေ...

(ရင်နှင့်ရင်းတဲ့)

မြန်မာမော်တော်

Europe Trucks Service Centre

(၅၈လမ်း ၊ မင်္ဂလာ-ရတနာကြား၊ စက်မှု့၊ မန္တလေးရွှေမြို့တော်)

ကိုရစ်ကီကျော်

၀၉-၇၈ ၅၅၅၉၁၁၉

    2180
    4