ကိုရစ်ကီကျော်-မြန်မာ​မော်​တော်

Jun 20, 20202 min

MAN EURO-3 TGA / EURO-5 TGX တွေ အခုချိန် ဘာတွေဖြစ်တတ်သလဲ ...

အတော်ဆုံး ယူရိုယာဉ်ပိုင်ရှင်များ နဲ့ အတော်ဆုံး ယူရိုယာဉ်မောင်းတို့ရေ...

အခုလို ပူပြင်းစိုစွတ်တဲ့ ၂၀၂၀ မိုးတွင်းအချိန်မျိုးမှာ MAN တွေမှာတွေ့ရတတ်တဲ့ ဖြစ်လေ့ရှိတဲ့ Error ကုတ်တွေကတော့ 03738 မှ 03800 ထိရှိတတ်ပေမယ့် စိတ်ရှုပ်ခံ မှတ်မနေပါနဲ့တော့လေ။ ၂၀၁၈-၂၀၁၉ အတွေ့ကြုံနဲ့ မှတ်တမ်းတွေ အရမှာတော့ အခုနှစ် ဒီအချိန် သတိပြုရမယ့် အချက်အချို့ နဲ့ လုပ်ဆောင်သင့်တဲ့ အချက်အချို့ကို (အကျဉ်းချုံး) သတိပေး အကြံပြုပါ့မယ် ...

ပန့်နော်ဇယ်စနစ် နဲနဲကြောင်ပါမယ် ...

အိပ်ဇောမီးလင်းပြီး အဆွဲကျပါမယ် ...

တွဲဘရိတ်က မိလိုက် မမိလိုက်နဲ့ ပါကင်ဘရိတ်နဲ့တွဲသုံးနေရပါမယ် ...

ဂီယာ မဝင်ချင်ဘူး N / Auto မီးခုန်နေပါမယ်...

ဂီယာချိန်းတာ အစဉ်လိုက်မဖြစ်သလိုဖြစ်ပါမယ်...

အထွက်မှာ ခုန်ထွက်သလိုဖြစ်နေတတ်ပါတယ်... အတက်မှာ အီနေမယ် ...

(ပန့်နော်ဇယ်စနစ် နဲနဲကြောင်ပါမယ် ... )

အင်ဂျင်ပိုင်းမှာ ဆီပို့/ဆီပြန်စနစ် နဲ့ အိပ်ဇောစနစ် မှာ ပြသနာအဖြစ် စိပ်တတ်ပါတယ်။ အဆွဲနဲနဲထိုင်းသလို ဆီစားနှုန်းအပေါ် သံသယရှိစရာဖြစ်တတ်ပါမယ်။ ပန့်နော်ဇယ် မစစ်ပါနဲ့ဦးလေ။ အရင်ဆုံး ဆီလိုင်းစနစ် ဆင်ဆာ ၃လုံးရဲ့ ခံနိုင်ရည်ကိုစစ်ရပါမယ်။ ဆီတိုင်ကီမှစပြီး နော်ဇယ်အထိရှိမယ့် ဆီလိုင်းကို သေချာဆေး လိုက်ပါ။ MAN ကားများစုက ဘက်ထရီအိုးနားမှာ ရေစစ်ဗူး Water Seperator လေးပါပါလိမ့်မယ်။ သေချာဆေးကြောလိုက်ပါ၊ တိုင်ကီကိုကျင်းလိုက်ပါ။ တိုင်ကီထဲက ပိုက်အဝင် အခြေမှာ ဇကာသေးသေး လေးကို သန့်ရှင်းလေးလုပ်ပါ။ ပုံမကျတဲ့ တိုင်ကီအဖုံးကို အသစ်လဲလိုက် ပါ။ ပြသနာအချို့ဖြေရှင်းပြီးဖြစ် ပါလိမ့်မယ်။ ရေစစ်ဗူး Water Seperator မပါတဲ့ကား များကတော့ မဖြစ်မနေတပ် ကိုတပ်သင့်ပါတယ်၊ ဘာကြောင့်ဆိုတော့ Bosch Injector နော်ဇယ်များက ရေငွေ့ Moisture ကိုကြောက် တယ်လေ။ တိုင်ကီ/ဆီလိုင်းသန့်ပြီးမှ Injection Cleaner ဆေးရည်ကိုထပ်သုံးပေးရပါမယ်။ Injection Cleaner လို့ရေးထား တိုင်း အသုံးမဝင်ပါ။ ဆေးရည်မှာ အဓိက လိုအပ်တဲ့ ပါဝင်ပစ္စည်းဖြစ်တဲ့ Petroleum Naphtha Solvent / Petroleum Detergent / polyalkyenepolpamine တို့ကို အချိုးတကျသုံးပေးရပါမယ်။ ဒါမှငွေကုန်ရကျိုးနပ်ပါမယ်။ တိတိကျကျ မဝယ်တတ်ရင် လာခဲ့ပါ ဝယ်ပေးပါမယ်။

(အိပ်ဇောမီးလင်းပြီး အဆွဲကျပါမယ် ... )

အိပ်ဇောပိုင်းပြသနာအချို့ဖြစ်တတ်တာတော့ အိပ်ဇောချက်မီးလင်းလာရင် အဆွဲရုန်း ကျသွားပါလိမ့်မယ်။ MAN မှာ ကျောက်ဇကာကို အော်တိုဆေးစနစ်ပါရှိပြီးသားမို့ ဘာကြောင့် အော်တို မဆေးသလဲ အဖြေရှာရပါမယ်။ ပြီးမှ Exhaust Regeneration System Re-initiate Module ကို Activate လုပ်ပေးရင် ပြန်ကောင်းသွားပါလိမ့်မယ်။ ကျောက်ဇကာမရှိတော့တဲ့ကားဆိုရင်တော့ ဖြေရှင်းနည်း နဲနဲပိုခက်ပါလိမ့်မယ်။ အထူးသတိထားရမှာက အိပ်ဇောမီးလင်းနေရင်၊ ညာဘက်ခြမ်းက မိုင်နှုန်းပြဒိုင်ခွက်က တက်မလာ အလုပ် မလုပ်ချိန်နဲ့ တိုက်ဆိုင်နေရင် မမောင်းပါနဲ့တော့၊ ၁နှစ်စာ မောင်းရန် ကျန်တဲ့ ကလပ် ပလိပ်သား ကုန်သွား ပါလိမ့်မယ်။ Temp / Pressure / Nox Sensor တွေကတော့ ဒုတိယပိုင်းပေါ့လေ။

(တွဲဘရိတ်က မိလိုက် မမိလိုက်နဲ့ ပါကင်ဘရိတ်နဲ့တွဲသုံးနေရပါမယ် ... )

အဲကွန်းဖွင့်မမောင်းတဲ့ကားတွေမှာ မဖြစ်များတတ်ပါတယ်။ တွဲဘရိတ်ဘားကနေ လေယိုစိမ့်နေရင်တော့ အသစ်လဲလိုက်ပါ။ ပြင်လဲ ထပ်ဖြစ်မှာပါပဲ။ အဟောင်းဝယ်လဲ တာလဲ မဟန်ပါ၊ ဘာကြောင့်ဆိုတော့ ဆားကစ်ပြားမြှပ်ထားတဲ့ EBS ဘရိတ်ဘား အားလုံးဟာ ကီလို ၅သိန်း မှ ၇သိန်းသာ သုံးစွဲနိုင်တဲ့ သက်တမ်းရှိပြီးတော့ ၇သိန်းကျော် နေသော်လည်း ဘာမှမဖြစ်သေးတာက လက်ဆောင်သက်တမ်း ဖြစ်ပါလိမ့်မယ်။ အဟောင်းဝယ်လဲတာကလည်း လက်ဆောင်သက်တမ်းသာ ကျန်နေတယ်ဆိုတာ လက် ခံထားရပါလိမ့်မယ်။ ABS မီးလင်းနေရင်လဲ ဘရိတ်အမိ လျော့သွားပါလိမ့်မယ်။ ABS က ၁လုံးလောက် ပျက်လို့ရပါတယ် ဘာမှမသိသာသေးပါ။ ၂လုံးနဲ့ အထက်ပျက်ရင် ဒါမှမဟုတ် ဘယ် သို့မဟုတ် ညာ တစ်ဘက်ဘက်ထဲ ၂လုံးပျက်ရင် လည်း ဘရိတ်အမိ ၅၀% လျော့သွားပါလိမ့်မယ်။ မိုးတွင်းမို့ မပေါ့ပါနဲ့။ ပျက်တာတွေပြင်ပြီးရင်တော့ Error ကုတ်ဖျက်လိုက်ရုံနဲ့မပြီးပါ။ EBS System ကို Reset ချပေးမှသာ Complete အလုပ် လုပ်ပါလိမ့်မယ်။

(ဂီယာပိုင်း မှာတော့ ...)

ဂီယာ မဝင်ချင်ဘူး N / Auto မီးခုန်နေတာကလပ်စနစ်အလုပ်မလုပ်လို့ပါ၊ ဂီယာညပ် သလိုဖြစ်ပြီး စက်နိုးရမှာမဟုတ်ပါ၊ ကလပ်စနစ် အလုပ်လုပ်ဖို့ လေ 7.5Bar ကနေ 8.5Bar ကြားရှိရပါမယ်၊ မပြည့်ရင် ကလပ်ဆာဗိုက အလုပ်မလုပ်ပါ၊ ဒီတော့ ဘက်ထရီခုံ အောက်က လေအိုးထဲကို အခြားကားကနေ လေကူး ပြီးထိုးလိုက်ပါ၊ လေကူးတဲ့ ဆော့ကတ်ခေါင်းလေးနဲ့ ပိုက်ရှည်တချောင်းတော့ MAN မောင်းရင် မိမိရရ ဆောင်ထား ရပါမယ်။ ကလပ်ဆာဗိုက လေကိုထိန်းမထားနိုင်တဲ့သဘောပါနေပါတယ်၊ ဒီလိုဖြစ်ဖူးတဲ့ ကားတွေမှာ ကလပ်ပြားကုန်တာ မြန်တတ်လို့ Clutch Biting Point / Engagement Point / Clutch Travel Point တွေ စစ်ထားမှသာ လမ်းမှာပျက်မယ့် အနေထားရှိရင် ကြိုတင်ပြင်ထားလို့ရအောင်ပါ။ မစစ်မိရင်တော့ တဖြည်းဖြည်းနဲ့ ဂီယာထိုးပြီးအထွက် မှာ ခုန်ထွက်သလိုဖြစ်နေတတ်ပါတယ်... အတက်မှာ အီနေမယ် ... နောက်ဆုံး ကလပ်ပြားကုန်လို့ ညှော်ပြီး လမ်းမှာရပ်သွားရင် ဖင်းဂါး နဲ့ ကလပ်ဘောကိုပါ အဖော်အဖြစ် အဆစ်ခေါ်သွား ပါလိမ့်မယ်။ အခြားတာဝန်ရှိအစိတ်ပိုင်းထဲမှာပါတာ ကတော့ ယာဉ်မောင်းခေါင်း အထက်နား က တာခိုဂရပ် ရဲ့ Gear Speed Pulse Sensor ဂီယာဘောက် ဆင်ဆာ ဆစ်ဂနယ် မမှန်တာကြောင့်လည်း ပါတာမို့ တာခိုဂရပ်ကို ပရိုဂရမ်ပြန်ရေးလိုက်တာဟာ ကလပ်ပလိပ်ရဲ့ လက်ကျန်သက်တမ်းကို ပိုတိုးစေမှာပါ။ ကြိုစစ်.. ကြိုတင်ပြင်ဆင်ထားတာဟာ မလိုအပ်တဲ့ ကုန်ကျစရိတ်များ သက်သာစေ ပါလိမ့်မယ်။ ကိုယ့်ဆီလာစစ် ရင်တော့ မတ်တပ်လာပါ ... စစ်ခ ၃သောင်းကို အကြွေး တော့မရဘူးနော်။

ရင်နဲ့ရင်းတဲ့

ကိုရစ်ကီကျော်(မြန်မာမော်တော်)
 
ယူရိုကားကြီးအထူးကုဆားဗစ် နှင့် မူရင်းထုတ်အပိုပစ္စည်းများ

အမှတ်(၅၁)၊၅၈လမ်း၊မင်္ဂလာလမ်းနှင့်ရတနာလမ်းကြား၊

စက်မှု(၁)၊ပြည်ကြီးတံခွန်၊ မန္တလေးရွှေမြို့တော်။

၀၉-၇၈ ၅၅၅ ၉၁၁၉

    1620
    3