top of page
Search

ကိုယ်မောင်းနေတဲ့ကားရဲ့ ခံနိုင်ဝန်ကို သိပြီးကြပြီလား …

Updated: Oct 12, 2019

ကြင်နာတတ်သော Scania / Volvo / Renault / MAN /DAF ယာဉ်မောင်းတို့ရေ …

ကိုယ်မောင်းနေတဲ့ကားရဲ့ ခံနိုင်ဝန်ကို သိပြီးကြပြီလား …

EU / UK ကတင်သွင်းလာတဲ့ ကားတွေမို့ သူတို့တိုင်းပြည်တွေရဲ့ ခံနိုင်ဝန် သတ်မှတ်ချက်အတိုင်း ထုတ်လုပ်ထားတာဖြစ်ပြီး မြန်မာပြည်ရဲ့ ကားကြီးတန်ချိန် ခံနိုင်ဝန်သတ်မှတ်ချက်နဲ့ ကွာဟချက်တွေကိုသိထားသင့်ပါတယ်...

Scania / Volvo / Renault / MAN /DAF (အိပ်ဇယ် ၃တန်း ၈ဘီးကားများကို) ( အိပ်ဇယ် ၃တန်းနဲ့ ပေ ၄၀ တွဲ အတွက်) ယာဉ်+ကုန် အမြင့်ဆုံးခံနိုင်ဝန် တန်ချိန် ၄၄တန် အတွက်သာ ရည်ရွယ်ထုတ်ထားပါတယ်... သူတို့ဆီမှာ ဒီထပ်ကျော်တင်လို့ မရပါ... သို့ပေမယ့် ဒီမှာ တို့ သုံးနေတာက လမ်းဆိုးဆိုး မှာ တန် ၅၀ ကျော် … အမြင့်ဆုံးခံနိုင်ဝန်ထက် ပိုသုံးထားတာဖြစ်လို့ ...

ဒါတွေကို အထူးဂရုပြုစစ်ရန်လိုပါတယ် ...


(၁) ဟတ်ဘော (Hub Bearing)


ဘီးလိမ့်တိုင်းမှာ ခံနိုင်ဝန်ထက် ပိုလုပ်နေရပါတယ် ..ဒီတော့ အတွင်းမှာရှိတဲ့ ချောဆီသက်တမ်းက တိုပါလိမ့်မယ်.. ဟတ်ဘောဖွင့်ကြည့်လိုက်ရင် ချောဆီ အရောင်ပြောင်းနေတာတွေ့ရရင်တော့ ချက်ချင်း အသေးစိပ်ဆေးကြောပြုပြင်ရပါတော့မယ်..

စိတ်မညစ် ဘေးကင်းချင်ရင် ပစ္စည်းအရည်သွေး ဂရုစိုက်ပါ ..

နားလည်သူများနှင့်တိုင်ပင်ပါ .. ဆင့်ကဲဖြစ်ပေါ်လာမယ့် ကိစ္စတွေ ကိုကြိုတွေးပါ ...


(၂) ဘရိတ်အုံ (Brake Caliper)


ဘီးလိမ့်တိုင်း ဘရိတ်ဖမ်းတိုင်းမှာ ခံနိုင်ဝန်ထက် ပိုလုပ်နေရပါတယ်..

အတွင်းမှာတည်ဆောက်ထားတဲ့ ဘရိတ်ရှူးကို အလိုလျောက်တွန်းပေးတဲ့ ဘရိတ်ပင်တွေ ဘွတ်တွေကရော ရေရှည်မှာ ဘယ်လောက်တောင့်ခံနိုင်ပါ့မလဲလေ .. ဒီတော့ တစစီဖြုတ် ဆေးကြော ပြုပြင်ရပါတော့မယ်..

စိတ်မညစ် ဘေးကင်းချင်ရင် ပစ္စည်းအရည်သွေး ဂရုစိုက်ပါ ..

နားလည်သူများနှင့်တိုင်ပင်ပါ .. ဆင့်ကဲဖြစ်ပေါ်လာမယ့် ကိစ္စတွေ ကိုကြိုတွေးပါ … ဘရိတ်ဒစ်ကွဲတာတို့ … ရှေ့ ဘရိတ်ဒစ် နီရဲလာတာတို့ … ဘာညာ ..


(၃) လင်ဗန်း (Fifth Wheel)


သံသားအထူကြီးဆိုပြီးမပေါ့လိုက်ပါနဲ့ ဗန်းအောက်မှာ Load Transfer Sensor ရှိတယ် .. လေအိ်ပ်စနစ်နဲ့မို့ Level Sensor / Pressure Sensor တွေကိုသုံးပြီး နောက်တန်း နဲ့ ခါးတန်းကို ဝန်မျှထမ်းစေတဲ့ Load Balancing စနစ် ကိုသုံးထားတာမို့ ခါတော်မှီ စစ်ဆေးသင့်ပါတယ် ...


(၄) ခါးတန်း တင်ချစနစ် (ECAS)


ခါးတန်း တင်ချစနစ် က အပေါ်မှာ ဝန် ဘယ်လောက် တင်လဲပေါ် မူတည်ပြီး လေအိတ်တွေမှာ ရှိရမယ့်လေပမာဏ ၊ ကားရှိရမယ့် အမြင့်၊ ခါးတန်း ဖိထောက်ရမယ့် အနေထား .. စတာတွေကို တွက်ချက်ပြီး အလိုလျောက်အလုပ်လုပ်ပေး တာဖြစ်လို့ … အခွင့်သင့်တိုင်း ဆက်စပ်နေတဲ့ ဆင်ဆာ တန်ဖိုးတွေကို စစ်သင့်ပါတယ်..

-Height Sensor Value min-max

-Pressure Sensor Value min-max

-Load Transfer Value min-max

-Drive Height Calibration Value


(၅) ချိန်ခွင်ဘား (Level Sensor)


တွဲချိတ်ပြီးရင် ကားရှိရမယ့် အမြင့်၊ လေအိတ်တွေဆီ လေသွင်း လေထုတ် လုပ်ရမယ့်ပမာဏ၊ ဘယ် ညာ အနိမ့်မြင့် ညီအောင် လုပ်ရမယ့်စနစ်တွေအတွက် အဓိက ကျတဲ့ဆင်ဆာဖြစ်လို့ သင့်တော်တဲ့အချိန်တိုင်း စစ်သင့်ပါတယ်..

ကားက တွဲနဲ့ချိတ်ရင် လေအိတ်က မြင့်မြင့်နေတယ်ဆိုရင်... အချို့က ချိန်ခွင်ဘား ဆော့ကတ်ချွတ်မောင်းလို့ မှားယွင်းအကြံပေးတတ်ပါတယ်၊ အခန့်မသင့်ရင် ဘောက်ပါလစ်တတ်တယ်ဆိုတာ သတိထားရပါမယ်...

Control Unit Check Sum Calibration Error ဖြစ်ရင်

နားလည်သူများနှင့်တိုင်ပင်ပါ .. ဆင့်ကဲဖြစ်ပေါ်လာမယ့် ကိစ္စတွေ ကိုကြိုတွေးပါ …လေအိတ်ကွဲတာတို့ ဘာညာ..

အခု အကြံပြုချက်များဟာ သဘောပါမယ့် ပါးပါးလေးပဲရှိပါသေးတယ်... ဒီထက်မကတဲ့ အလုပ်များက နောက်ဆက်တွဲတွေပေါ့...


(ရင်နှင့်ရင်းတဲ့)

မြန်မာမော်တော်

Europe Trucks Service Centre

(၅၈လမ်း ၊ မင်္ဂလာ-ရတနာကြား၊ စက်မှု့၊ မန္တလေးရွှေမြို့တော်)

ကိုရစ်ကီကျော်

၀၉-၇၈ ၅၅၅၉၁၁၉



7 views0 comments

Comments


bottom of page