တာခိုဂရပ် (Tachograph) ဆိုတာဘာလဲ
Updated: Oct 12, 2019
တာခိုဂရပ် (Tachograph) လို့ခေါ်တဲ့ ပစ္စည်းတခုကို ယာဉ်မောင်းရဲ့ အပေါ်ဘက်နားမှာ တပ်ဆင်ထားလေ့ရှိတာ ဘာကြောင့်လဲ ... ဘာဖြစ်တတ်လဲ .. ဘယ်လိုပြင်မလဲ..
အကုန်စီးပွားတိုးမယ့် ၂၀၁၉ ပါ Europe အုံနာမာျးနဲ့ ယာဉ်မောင်းကြီးတို့ရေး ...
မေးကြလို့ ထပ်ရှငး်ပြပါ့မယ် ... ဒီနှစ်သက်တမ်း အစ မှာပဲ တာခိုဂရပ် သက်တမ်းတွေပြည့်ပြီး ကျော်လွန် သက်တမ်း Bonus တွေနဲ့ ခရီးဆက်နေကြချိန်မှာ ... အချို့ Europe ကားတွေမှာ Bonus သက်တမ်းပါကုန်လို့ အခက်တွေ့နေပြီလား ...
(၁) တာခိုဂရပ် (Tachograph) ဆိုတာ အဟောင်းဝယ်သုံးလို့မရပါ။ မကျေနပ်လို့ ဝယ်သုံးရင် ၂ခါကုန်ခွင့် အပြည့်ဝရကြပါမယ်။
(၂) ခနတပ် သုံးကြည့် ခနပဲရပါမယ် ကျန်တဲ့ ဆက်စပ် စနစ်တွေ အပြည့်၀ အလုပ်မလုပ်နိုင်ကြပါ။
(၃) တာခိုဂရပ် တလုံးစီတိုင်းမှာ အသုံးပြုတဲ့ကားရဲ့ ချယ်ဆီနံပတ် တခုစီနဲ့သာ ဘောက်အားလုံးမှာ မှတ်ပုံတင်ပြီးဖြစ်လို့ အပြန်အလှန်လဲလှယ်တပ်ဆင်လို့မရပါ၊ ကျန်တဲ့ ဆက်စပ် စနစ်တွေ အပြည့်၀ အလုပ်မလုပ်နိုင်ကြပါ။
ယူရိုတွဲခေါင်းကားကြီးတွေမှာ ယာဉ်မောင်းအချက်လက်တွေနဲ့ ယာဉ်မောင်းစဉ် အခြေနေတွေကို မှတ်တမ်းတင်ထားတဲ့ တာခိုဂရပ် (Tachograph) လို့ခေါ်တဲ့ ပစ္စည်းတခုကို ယာဉ်မောင်းရဲ့ အပေါ်ဘက်နားမှာ တပ်ဆင်ထားလေ့ရှိပါတယ်။ UK နဲ့ Europe မှာတော့ ဥပဒေ အရ မဖြစ်မနေတပ်ရတဲ့ ကိရိယာဖြစ်ပြီး ဖြုတ်လိုက်တာနဲ့ ဥပဒေအရ အရေးယူခံရတတ်ပါတယ်။ မြန်မာနိုင်ငံအတွက်တော့ မလိုအပ်ပါဘူး။ မလိုအပ်ပေမယ့်လည်း ဒီအတိုင်းပဲဖြုတ်ထားလိုက်ဖို့မဖြစ်နိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ABS System / EBS System / Gear Control System / Engine Control System တွေနဲ့ တွဲထားလို့ပါ။ အဲ့ဒီ့စနစ်တွေ တခုခုချွတ်ယွင်းနေရင် Tachograph က သူ့ရဲ့မှတ်ဥာဏ်မှာ မှတ်သားထားပြီး ကားဘယ်ချိန်ရပ်တယ်၊ ထွက်တယ်၊ ဘယ်ဂီယာနဲ့သွားတယ်၊ အရှိန်ဘယ်လောက်ရှိတယ်၊ ဘရိတ်ဘယ်လိုနင်းတယ်ကအစ မှတ်တမ်းတင်ထားပါတယ်။ လိုရင်းကတော့ ကားအခြေနေကိုသိရဖို့ရယ်၊ ယာဉ်မောင်းတွေကို သတ်မှတ်ချိန်အတွင်းသာအလုပ်လုပ်စေပြီး ကျန်အချိန်ကို အနားယူစေဖို့ ဥပဒေအရ အကာကွယ်ပေးဖို့ဖြစ်ပါတယ်။ ဖြုတ်လိုက်တာနဲ့လည်း ဂီယာစနစ်၊ ဘရိတ်စနစ် အင်ဂျင်စနစ် အစရှိတာတွေ အပြည့်၀ အလုပ်မလုပ်တော့ပါဘူး။
တာခိုဂရပ်ပျက်နေပြီ (သို့) ပြင်စရာလိုပြီ (သို့) Calibration Program လုပ်ဖို့လိုပြီဆိုရင် သိသာထင်ရှားတာက…
-မောင်းနှုန်း မိုင်းလစ်မပြတော့တာ
-မိုင်းလစ် ဂဏန်းစာလုံးမပေါ်တော့တာ
- အင်ဂျင်ကို RPM 1500-2000 ကျော်အောင်နင်းမရပဲ ဆီစားနှုန်း သိသာပိုလာတာ
- အော်တိုဂီယာမှာဆိုရင် အလိုလို (N) Free ဖြစ်သွားတာ
- (A/M/N) မပေါ်လာတော့တာ
- Auto / Manual ပြောင်းလို့မရတော့တာ
- ဂီယာချိန်းနံပတ် စုံ/မ မမှန်တော့တာ
- Manual ဂီယာနံပတ် တင်မရတော့တာ
-မန်နူရယ်ဂီယာမှာဆိုရင် Low/High/Split ပြောင်းမရတာ
-ဒိုင်ခွက်မှာ (T) ပုံစံမီးလင်းပြီး မှိတ်တုပ်တုပ် ပေါ်နေတာ
စတာတွေဖြစ်လာတတ်ပါတယ် …
အဲ့လိုဖြစ်ပြီဆိုရင် ယာဉ်မောင်းဘက် တံခါးဘောင်မှာ ကပ်ထားတဲ့ (Tachograph Installation Record) စတစ်ကာကိုကြည့်လိုက်ပါ။ နောက်ဆုံးပြုပြင်ထားတဲ့ Calibration Date ကိုတွေ့ရပါမယ် .. တွက်ကြည့်လိုက်ပါ ၃နှစ်ကျော်နေတာတွေ့ရပါလိမ့်မယ် ..
-Tachograph တွေကို ၁၂လ မှ ၂၄ လ တစ်ကြိမ် Software Calibration လုပ်ရပါတယ်
-အတွင်းက ဘက်ထရီလဲရပါတယ်
- အတွင်းက Data Signal Impulse Amplifier လဲရပါတယ်
-လဲပြီးရင် နောက်ထပ် ၂၄လ ထပ် အသုံးခံပါတယ် ...
(ဒါမှမဟုတ်)
ဒီတာခိုဂရပ်ကို သက်တမ်းပြည့်လို့ လုံး၀ အသုံးမပြုချင်တော့ဘူးဆိုရင် ...
-တာခိုဂရပ်ရဲ့ K ဝိုင်ယာလိုင်းကို စနစ်တကျပိတ်ရပါမယ်..
-သက်ဆိုင်ရာ ဝိုင်ယာရင်းတွေကို စနစ်တကျလွှဲရပါမယ်..