မြန်မာမော်တော်မှ ယူရိုကားကြီးများ အပြင် ဂျပန်/တရုတ် ကားကြီးများပါ ပြုပြင်မှု ကိုလက်ခံ လုပ်ဆောင်ပေးတော့မည်ဖြစ်ပါသောကြောင့် ... မန္တလေးဆားဗစ်စင်တာတွင် အလုပ်သင် ဆားဗစ်အကူ (Service Assistant) (၆)ဉီး အလိုရှိပါသည်။
လိုအပ်ချက်များမှာ
(၁) အသက် (၁၅ မှ ၃၀)ကြား နေရာအနှံ့ မြို့အနှံ့ အချိန်မရွေး ခရီးသွားလာနိုင်သူ ဖြစ်ရပါမည်။
(၂) ကားကြီးစက်ပြင်လုပ်ငန်းဖြစ်ပါ၍ ကျန်းမာရေးကောင်းမွန်ပြီး အပင်ပန်းခံနိုင်သူ ဖြစ်ရပါမည်။
(၃) ကားကြီးစက်ပြင်လုပ်ငန်း၊ ကွန်ပျုတာဖြင့်စက်ထိုးပြုပြင်ရေးအလုပ်များကို (စိတ်ဝင်တစား သင်ယူလိုသူ) ဖြစ်ရပါမည်။
(၄) အကျင့် နှင့် စာရိတ္တ ကောင်းမွန်သူ၊ လူကြီး မိဘများ အလေးထားလေးစားတတ်သူ၊ လူအများနှင့် မခိုမကပ် အလုပ်လုပ်နိုင်သူ ဖြစ်ရပါမည်။
(၅) အလုပ်လုပ်လက်စရှိပါက အလုပ်ရှင်၏ ဖုန်းနံပတ်ကို တင်ပြနိုင်ပြီး မိမိနောက်ကြောင်းရာဇဝင်ကို မေးမြန်းစုံစမ်းခံနိုင်ရဲရပါမည်။
ကုမ္ပဏီမှ
အလုပ်ချိန် မနက် ၉ - ညနေ ၆၊ တနင်္ဂနွေနား။
နေရာအဆောင် စီစဉ်ပေးပါမည်။ စောင်/ခြင်ထောင်/မွေ့ရာ/ခေါင်းအုံး စီစဉ်ပေးပါမည်။
အဆောင်နေသူများအတွက် နေ့/ညစာ စီစဉ်ပေးပါမည်။
ဝတ်ရန် ယူနီဖောင်း စီစဉ်ပေးပါမည်။
ဖျားနာ နေမကောင်းဖြစ်မှုအတွက်ကုသရန် စီစဉ်ပေးပါမည်။
မသိသေးသူကို သိရန်၊ သိသူကို တတ်ရန်၊ တတ်သူကို ကျွမ်းကျင်ရန် လက်ငန်းခွင် လက်တွေ့ပညာ သင်ကြားပေးပါမည်။
အတွေ့ကြုံရှိသူအတွက် အစမ်းခန့်ကာလ (၃)လ အတွက် ၁လ - ၂သိန်း
အတွေ့ကြုံနုသူအတွက် အစမ်းခန့်ကာလ (၃)လ အတွက် ၁လ - ၁.၅သိန်း
အတွေ့ကြုံမရှိသူအတွက် အစမ်းခန့်ကာလ (၃)လ အတွက် ၁လ - ၁သိန်း
စိတ်ဝင်စားသူသည် ဆားဗစ်မန်နေဂျာ ကိုမင်းနိုင် (၀၉-၇၈ ၅၅၅ ၉၁၁၉)ထံ (၁-၁-၂၀၂၀ မှ ၃၁-၁-၂၀၂၀ အထိသာ) အင်တာဗျုးရက်နှင့်အချိန်ကိုချိန်းဆိုနိုင်ပါသည်။ မည်သည့်စာရွက်စာတမ်းမှမလိုအပ်ပါ။
အလုပ်ခန့်အပ်ခံရပါက စာရွက်စာတမ်းအဖြစ် လိုင်စင်ပုံ ၁ပုံ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ရပ်ကွက် နေထိုင်ကြောင်းထောက်ခံစာမူရင်း၊ ရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာမူရင်း တို့လိုအပ်ပါမည်။ မြန်မာမော်တော် (မန္တလေး ဆားဗစ်စင်တာ)
အမှတ် ၅၁၊ ၅၈ လမ်း၊ မဂင်္ဂလာလမ်း နှင့် ရတနာလမ်း ကြား၊
စက်မှုဇုံ ၁၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
Comments