top of page
Search

ယူရိုကားကြီးတွေကို ထွင်ထည့်ပြီဆိုရင်ဖြင့်

Updated: Oct 12, 2019

မင်္ဂလာပါ ခင်မင်ရတဲ့ အတော်ဆုံးယူရိုယာဉ်မောင်းကြီးတို့ရေ..

CNY လို့ခေါ်တဲ့ တရုတ်နှစ်ကူးနီးလာတော့ မူဆယ်လမ်းကြောင်း ဘက်က အတော်ဆုံး ယူရိုယာဉ်မောင်းကြီးတို့ အနားယူ အင်အားဖြည့် ကားကြံခိုင်ရေးလုပ်ချိန်ပဲပေါ့လေ..

ဒီရက်သတ္တပတ်တော့ အရင်အလုပ်များနေခဲ့တဲ့ အကြောင်းရင်းထဲက တစ်ခုကို တွေးကြည့်ကြစို့ရဲ့..

ဒါဟာ အကြောင်းအရာတစ်ခုကို တွေးကြည့်မိခဲ့တာ..

လုပ်နေတဲ့အလုပ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအကြောင်းကို

အတော်ဆုံး ယူရိုယာဉ်မောင်းတွေအတွက် ပြောပြရုံသက်သက်ပါလို..

ရည်ရွယ်တာက အတော်ဆုံးယူရိုယာဉ်မောင်းကြီးတို့ အတွက်

ကိုယ်စီးတဲ့မြင်း အထီး အမ သိဖို့လိုအပ်ကြောင်းပါ..

တန်ဖိုးထားသင့် မထားသင့်တွေးဖို့လိုအပ်ကြောင်းပါ.. ဒီလောက်ပါပဲ..

2010 Volvo DC13C-460HP ဆိုတာ သိပ်ကိုဖလန်းဖလန်းနဲ့ အရမ်းလန်းတဲ့..

အကောင်းဆုံးနည်းပညာတွေနဲ့.. အတိကျဆုံးစနစ်တွေပေါင်းစပ်ထားတဲ့..

ငွေရှာစက်ကြီးတခုပါ..

2010 Volvo DC13C..

2010 MAN D26..

2010 Scania XPI S8..

2010 Renault DXI..

2010 DAF MX..

2010 မော်ဒယ်အုပ်စုမှာ VOLVO ဟာ ထိပ်ဆုံးကလို့ ကိုယ်ပိုင် အတွေးနဲ့ဆုံးဖြတ်ပါတယ်..


ဒီလိုထိပ်တန်းကားကြီးတွေ အားလုံးကို အနိမ့်ဆုံး Control Unit ၉ လုံးနဲ့ ဖွဲ့စည်းထားလို့ ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတာ..

ခေါင်ဖြားကအင်တင်နာကအစ ဘယ်နေရာမီးလုံးကျွမ်းနေတာအဆုံး တစီးလုံးကို ၂၀မိနစ်အတွင်း အတိကျပြောနိုင်ပါတယ်..

လေအိတ်တင်ချအောက်ပိုင်းစနစ် ကို Pressure Sensor ၂လုံး၊ Level Sensor ၂လုံး၊ Load Sensor ၁လုံး၊ Air Selonoid ၄လုံး၊ လေအိတ် ရလုံး၊ ထိန်းချုပ်စနစ် Control Unit ၁လုံး နဲ့.. လမ်းကြမ်း၊ လမ်းချော၊ အတက်၊ အဆင်း၊ ဝန်ပို၊ ဝန်လျော့၊ အတိမ်း၊ အစောင်း အစရှိတဲ့ အခြေနေအမျိုးမျိုးကို လက်ဖျားလေးမှာတင် အသုံးပြုလို့ရပါတယ်..

တွဲအပေါ်မှာတင်ထားတဲ့ဝန်အတိုင်း အလိုအလျောက် ဘေးကင်းမယ့် အနိမ့်မြင့်ကိုချိန်ပေးပါတယ် (Auto Drive Level)..

ဘရိတ်စနစ်မှာလည်း EBS Air Modulator ခွဲဘား၊ အလိုလျှောက် ဘရိတ်ရှူးတင်း/လျော့စနစ်၊ အတက်၊ အဆင်း၊ အကွေ့တွေမှာသုံးတဲ့စနစ်၊ ခြေနဲ့ဖမ်းတဲ့စနစ်၊ ဂီယာနဲ့ဖမ်းတဲ့စနစ်၊ အင်ဂျင်နဲ့ဖမ်းတဲ့စနစ်၊ ဘာမှမရှိတော့ရင် ဖမ်းတဲ့နစ် အစရှိတဲ့ အခြေနေအမျိုးမျိုးကို လက်ဖျား ခြေဖျားလေးမှာတင် အသုံးပြုလို့ရပါတယ်..


ဒီလို အကောင်းဆုံးစနစ်တွေနဲ့တည်ဆောက်ထားတဲ့ ယာဉ်မျိုးကို..

နည်းပညာရှင်တစ်ဦးမှ..

လေအိတ်ဆိုတာပြသနာများတယ် လေးပြောင်း..

ဒီလိုဘရိတ်စနစ်ကရှုပ်တယ် ရိုးရိုးရှင်းရှင်းပြောင်း..

ဒီအင်ဂျင် နဲ့ ဒီဂီယာဘောက်က နားလည်ဖို့ခက်တယ် ရိုးရိုးလွယ်လွယ်ပြောင်းလို့ဆိုတယ်..

(ဒါဆိုရင် တို့နဲ့ ထိုက်တန်တာက.. ရိုးရိုးရှင်းရှင်းပေါ့လေ..)

(နွားလှည်းကရော ရိုးရှင်းပါသလား.. နွားနေမကောင်းဖြစ်ရင် စက်ထိုးလို့မရတာသေချာပါတယ်..)

(ဆင့်ကဲဆင့်ကဲ တိုးတက်လာတဲ့ နည်းပညာတွေကို လေ့လာ သင်ယူကြရမယ့်အစား..)

(နောက်ပြန်သွားနေကြရရင်.. တို့နဲ့ ထိုက်တန်ပါတယ်ဆိုတာ ဘာပါလိမ့်..)

(Technology Revolution နည်းပညာဧရာမ အပြောင်းလဲကို မလိုက်နိုင်ကြရင်..)

(ဒီ ယူရိုကား အရေတွက် ၃၀၀၀ကျော်ကို ရိုးရိုးရှင်းရှင်းလုပ်လိုက် ကြရမှာလား..)

(နောက်လာမယ့် လူငယ်တွေကို လက်ဆင့်ကမ်းပေးခဲ့ရမယ့် နည်းပညာက ဒါတွေလား..)


ထားပါတော့လေ.. အခု အကောင်းဆုံးဆိုတဲ့ 2010 VOLVO 460 ဖြစ်ကြောင်းလေး ပြောကြစို့..

ဒီကားကြီးကို လေအိတ်ခနခနကွဲလို့တဲ့ … နောက်တန်းလေးပြောင်းလိုက်၏..

လေးအိတ်မရှိတော့လို့ လုံး၀ မကွဲတော့တာသေချာပါ၏..

(ဘာကြောင့်လေအိတ်တွေကွဲသလဲ..? တွေးဖို့မေ့နေ၏)


(ECAS Modulator/Pressure Switch/Leveling Sensor/Air Flow Structure/Control System)

နှစ်ဖက်ရုန်း စပယ်ဖူး လင်ပန်း (Crown/Differential Gear) ကြွေပြန်တော့ နောက်တန်းချိန်းလိုက်၏..

(ဘာကြောင့်စပယ်ဖူးကြွေသလဲ..? တွေးဖို့မေ့နေ၏)

(Differential Lock/Switch/Pressure/Oil/Condition)

နည်းပညာရှင်က နောက်ဆက်တွဲကို စဉ်းစားဖို့ မေ့သွားဟန်ရှိ၏..


နောက်တန်းဂျပန်တန်းပြောင်းလိုက်တာ့.. ဟတ်ဘရိတ်ဖြစ်သွား၏..

ထိရုံ တို့ရုံနဲ့မိ၏.. ကျန်ခါးလယ်တန်း၊ ရှေ့တန်းတွေကတော့ အော်ရီဂျင်နယ် ဒစ်ဘရိတ်..

အင်ဂျင်-ဂီယာ-ကရောင်း အချိုးဆ က ECU မှာရှိတဲ့ အချိုးဆမဟုတ်တော့..


နောက်ဆက်တွဲ ဆက်စပ်ဖြစ်ရပ်တွေက..

နောက်တွဲ၊ နောက်တန်း၊ ခါးတန်း၊ ရှေ့တန်း ဘရိတ်အချိုးဆ မညီတော့..

Speed Sensor Signal (ABS) များမရှိတော့..

Load Sensor Signal မရှိတော့..

EBS Brake Signal မရှိတော့..

ECAS Signal မရှိတော့..

ဒီ စနစ်များမရှိရင် …

ဂီယာစနစ် (Gear Selector System) မှာ သက်ရောက်မှု့ ၇၀%..

(ဂီယာ အမြင့် အနိမ့် ပြောင်းရန် အလုပ်လုပ်သော အစိတ်ပိုင်းများပျက်စီးရန် ၇၀%)

အင်ဂျင်စနစ် (Engine Management System) မှာ သက်ရောက်မှု့ ၄၀%..

(အရေးကြီး ဆင်ဆာများ တွက်ချက်မှုမှားယွင်းပြီး အင်ဂျင်အား ၄၀%လျော့ကျ)

ဘရိတ်စနစ် (Electronic Brake System) မှာ သက်ရောက်မှု့ ၉၀%..

(နည်းစနစ်မကျသော ဘရိတ်စနစ်အဖြစ် ၉၀%ရှိ)

အကောင်းဆုံးစနစ်များအတွက် ငွေပေးချေခဲ့ရပြီး..

ယာဉ်မောင်းအတွက် အန္တရာယ်ရှိသော..

သာမန်ရွေ့လျားနိုင်စွမ်းရှိသောမော်တော်ယာဉ်မျှသာဖြစ်ကြောင်း..

(ရင်နှင့်ရင်းတဲ့)

မြန်မာမော်တော်

Europe Trucks Service Centre

(၅၈လမ်း ၊ မင်္ဂလာ-ရတနာကြား၊ စက်မှု့၊ မန္တလေးရွှေမြို့တော်)

ကိုရစ်ကီကျော်

၀၉-၇၈ ၅၅၅၉၁၁၉




71 views0 comments

Comments


bottom of page