top of page
Search

AdBlue ကင်ပြီးရင်ကော ဆီစားနှုန်းအခြေနေဘယ်လိုရှိသလဲ


AdBlue ကင်တာတော့ဟုတ်ပါပြီ

အလုပ်လုပ်ပုံလေးတော့ ပြောပြပါဗျ

ကင်ပြီးရင်ကော ဆီစားနှုန်းအခြေနေဘယ်လိုရှိသလဲဆိုတာကို

အကျဉ်းချုပ်

လိုရင်း တိုရှင်း

အင်ဂလိပ်စာ နည်းနိုင်သမျှနည်းအောင် ပြောပြပါဗျ လို့ဆိုလာတဲ့

ကြင်နာတတ်သော လေ့လာသင်ယူချင်စိတ်ရှိသော ယာဉ်မောင်းကြီးတို့အတွက်ပါ။ ပညာရှင်များအတွက်မရည်ရွယ်ပါ။



AdBlue စနစ်ကို ကင်လိုက်တာဟာ Injection စနစ် နဲ့ တိုက်ရိုက်မသက် ဆိုင်တော့ ကင်ပြီးသားကားတွေရဲ့ လေ့လာတွေ့ရှိချက်အရ

ဆီစားနှုန်း ထူးခြားပြီးပြောင်းလဲမှုမရှိတာတွေ့ရပါတယ်။



Exhaust မီးလင်းနေရင်သာ ဆီစားနှုန်းတက်လာစေမှာပါ

အိပ်ဇောပိတ်တော့ အင်ဂျင်မီးလင်းပြီ အိပ်ဇောမီးလင်းပြီ

အင်ဂျင်စနစ်က Torque ရုန်းအားကို ၄၀% လျှော့ချလိုက်တော့

အင်ဂျင်အားရော့သွားရော

ရော့သွားတော့လီဘာပိုနင်းဖြစ်ရော

အဲ့ဒီ့မှာဆီစားနှုန်းကွာခြားမှု ဖြစ်လာတာလို့ယူဆရပါတယ်။



AdBlue စနစ်က ၂ပိုင်းအလုပ်လုပ်ပေးတယ်

အိပ်ဇောပိတ်ရင် သူကထပြီးအလုပ်လုပ်တဲ့စနစ်

အိပ်ဇောကထွက်လာတဲ့ညစ်ညမ်းအငွေ့ကို သန့်စင်ပေးတဲ့စနစ်



အိပ်ဇော ဖိအား pressure တက်လာမယ်

အိပ်ဇော အပူချိန် ၄၅၀ ဒီဂရီ ကျော်လာမယ်

အိပ်ဇောငွေ့မှာ NOx တိုင်းဆင်ဆာက မီးခိုးထွက်နှုန်းအချိုးမကျတော့ရင်

အိပ်ဇောပိတ်ပြီလို့သူနားလည်ပြီး AdBlue စနစ်ကအလုပ်လုပ်ပါလိမ့်မယ်။



နောက်တခုက AdBlue စနစ်ဟာ ကားကထွက်လာတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့

ကာဗွန်ဒိုင်အောက်ဆိုက် အငွေ့တွေကို နိုက်ထရိုဂျင် နဲ့ အောက်ဆီဂျင်ပါတဲ့ ရေငွေ့အဖြစ် AdBlue ဖြန်းပြီး ဓါတုနည်း ဓါတ်ပြောင်းပေးတာပါ



အဲ့ဒီ့စနစ်ကို အလုပ်မလုပ်စေချင်လို့ ကင်လိုက်တာဖြစ်လို့ ...


အိပ်ဇောကျောက်ဇကာကို မပိတ်အောင်လုပ်ထားတယ်

အိပ်ဇော Pressure ဖိအား ကို ပုံမှန်ဖြစ်နေအောင်

အိပ်ဇော Temperature အပူချိန် ကိုပုံမှန်ဖြစ်နေအောင်

NOx အငွေ့ထွက်နှုန်း ကို လက်ခံနိုင်တဲ့အချိုးအဆပုံမှန်ဖြစ်နေအောင်