top of page
Search

Adblue ကိုနည်းစနစ်အမှန်နဲ့ ရှောင်ခဲ့ကြရဲ့လား ကျော်ခွလို့ရမလား မေးလာသူ ယူရိုကားဆရာကြီးတို့ရေ

Updated: Oct 12, 2019

VOLVO – RENAULT အုံနာကြီးတို့ရေ..

Volvo D13A/B/C/ - Renault DXI-11 450/460 တွေမှာ..

NOx Error တွေရှိနေကြတာ ပုံမှန်ဟုတ်ရဲ့လား..

Adblue ကိုနည်းစနစ်အမှန်နဲ့ ရှောင်ခဲ့ကြရဲ့လား..


ဒါတွေက လုပ်ပြီးခဲ့ပြီမို့ တွေဝေစရာမလိုတော့ပါ..

လက်ရှိကိုယ့်ကားအခြေနေကိုသာစစ်ဆေးသင့်ကြပြီလေ..


(၁) နီးစပ်ရာ Service Centre မှာ ကိုယ့်ကား အင်ဂျင်ရဲ့ NOx Error Status ကို စစ်ကြည့်သင့်ပါတယ်။


(၂) NOx Error (Active (သို့မဟုတ်) Inactive) ကို ECU ဘောက်က သိနေလားမသိဘူးလား၊

ကို်ယ်ဖန်တီးခဲ့တဲ့ Adblue ကုန်ကျစရိတ် သက်သာအောင် စီမံခဲ့တာ၊ အဖြူရောင်လေးညာခဲ့တာကို ကိုယ့်ကားက မသိခဲ့ဘူးလား ဆိုတာ လက်တွေ့တိုင်းတာကြည့်ပါ။


(၃) အကြိမ် အရေတွက် အတိကျနဲ့ ကားကသိနေတယ် ဆိုတာ ဖြေပါလိမ့်မယ်။

တကယ်တော့ Euro4/5 Level ကားတွေရဲ့ ECU ဘောက်တွေဟာ လူတွေ သာမန်တွက်ချက်မှု့ထက် အဆ ၉၀၀၀ ကျော်သာလွန် တွက်ဆနိုင်ပြီး ပုံသေဖြစ်တန်စွမ်း တွက်ချက်မှု ပေါင်း ၇၀၀၀ ကျော်ကိုသိထားတယ်ဆိုတာမယုံဘူးဆိုရင် Error Code နံပတ်လေးကိုကြည့်ရင် မသိနိုင်ဘူးလား..


-တကယ်တမ်း Adblue မရှိပါပဲ ရှိပါတယ် လို့ ECU ဘောက်ကို အယောင်ပြရုံ..

-လိုအပ်တဲ့ အိပ်ဇော အပူချိန်ကို မရှိပါပဲ ရှိတယ်လို့ ပုံသေ အပူချိန်ရှိကြောင်း ECU ဘောက်ကိုအယောင်ပြရုံ..

-ဒီလောက်နဲ့ အဆင့်မြင့်မြင့် ရှုပ်ထွေးလွန်းစွာနဲ့ ပတ်ဝန်းကျင်ကာကွယ်မှု့အတွက် ကမ္ဘာ့ စံသတ်မှတ်ထားတဲ့ နည်းစနစ်တစ်ခုက ရပ်တံ့သွားရတယ်ဆိုတာ ဖြစ်နိုင်ပါရဲ့လား..


ရိုးစင်းစွာပြောရရင် အရပ်စကား Adblue ကျော်တယ် ဆိုတာ..

-Adblue လွယ်လွယ်ကူကူမရနိုင်တဲ့ဒေသ..

-Adblue ကို လိုအပ်တဲ့ ဓါတ်ပြုပစ္စည်းအတိကျနဲ့ထုတ်တဲ့ အရည်ဖြစ်ကြောင်း အတည်မပြုနိုင်တဲ့အခါ..

-ရေတို စီမံမှုအနေနဲ့ လိုအပ်တဲ့နေရာရောက်ဖို့ လောက်သာ ရည်မှန်းပြုလုပ်ကြတာပါ..

-ရေရှည်မှာ အင်ဂျင်စနစ်အတွက် အကောင်းရလာဒ်ထက် အဆိုးရလာဒ်သာဖြစ်ပေါ်စေနိုင်ပါတယ်။


VOLVO-RENAULT မှာ NOx လို့ခေါ်တဲ့ Emission Error ရှိခဲ့ရင် ရက်ပေါင်း ၄၀၀ ထိ ဖျက်လို့မရနိုင်အောင် ယူရိုဥပဒေအရ ပြဌာန်းထားပါတယ်။ ဒီလို Error ရှိရင် လိုင်စင်သက်တမ်းလဲ တိုးခွင့်မရှိပါဘူး။ မဖြစ်ဖြစ်အောင်ပြင်ဆင်ပြီး Emission Error မရှိမှသာ ဆက်လက်သုံးစွဲခွင့်ရှိပါတယ်။

တို့တိုင်းပြည်မှာ ဒီလိုပြဌာန်းချက်မရှိပေမယ့်.. ကားမှာတွဲရက်စနစ်ကပါလာခဲ့ပြီလေ..


(အတိုချုပ် လိုရင်းပြောရင် ဖြစ်တတ်တာက)

-အင်ဂျင် စွမ်းရည် ၄၀% သေချာပေါက် လျော့ကျနေမယ်

ဥပမာ အင်ဂျင်ပါဝါ 440 ကားသည် 264 ပဲရမယ်..

ကျန်အားကို ညှစ်သုံးလို့.. ဆီစားနှုန်း ၁၅% လောက်ပိုနိုင်တယ်..

-အင်ဂျင်ဟက်ကဘားတွေ ထိခိုက်နိုင်မယ်..

-ဘားတွေဟာရင် အင်ဂျင်ဝိုင်ညစ်မယ်..

-ချောဆီစနစ်ညစ်လို့ အတွင်းကလီစာထိခိုက်နိုင်မယ်..

-ဆီလိုင်းက နော်ဇယ်တွေ ထိခိုက်နိုင်မယ်..

-လေလိုင်းက တာဘိုက ထိခိုက်နိုင်မယ်..


(ဒါတွေမဖြစ်အောင် စနစ်တကျ ဘယ်လိုပြင်မလဲ)

အလွယ်တကူ အထိရောက်ဆုံးက နီးစပ်ရာ Service Centre မှာ

- မူလစွမ်းဆောင်နေတဲ့ ECU ဘောက်က Euro 4/5 Software ကို

Euro 4/5 ကနေ Adblue လုပ်ဆောင်ချက်မပါတဲ့ Euro 2/3 ပြောင်းပေးလိုက်ရုံ..

- ဒီလို Euro 2/3 Software File ကိုလည်း Volvo Server ကနေဝယ်ရုံ..

-လိုအပ်တာ အနည်းငယ်ပြင်ဆင်ပြီးရင် လက်ရှိ ECU ဘောက်ထဲ ထည့်ပြီး Program လုပ်ရုံ..

- ဒါဆို Engine Full Power စွမ်းအားပြည့်ပြန်ရပြီ..မူရင်း ပစ္စည်းများအတိုင်း ဘာမှ ဖြုတ်စရာ တပ်စရာမလို ဒီတိုင်းပြောင်းရုံနဲ့ ရပါပြီ..


(ကုန်ကျစရိတ်)

USD 450 ဆိုရင် Euro 2/3 ECU Flash File ကိုဝယ်ပြီး Program လုပ်ရုံပါပဲ..

(ကြာချိန်)

လွယ်ရင် ၂ နာရီ နဲ့ပြီးနိုင်ပါတယ်

နဲနဲပိုခက်ရင် ၄၈ နာရီ မှ ၇၂နာရီပေါ့လေ..


ရင်နှင့်ရင်းတဲ့

မြန်မာမော်တော်

(၅၈လမ်း ၊ မင်္ဂလာ-ရတနာကြား၊ စက်မှု့၊ မန္တလေးရွှေမြို့တော်)

ကိုရစ်ကီကျော်

၀၉-၇၈ ၅၅၅၉၁၁၉





36 views0 comments

Comments


bottom of page