top of page
Search

DAF ကို ပတ်ကားစစ်မယ်ဆိုရင်

Updated: Oct 12, 2019

ကြင်နာတတ်သော DAF အုံနာများနဲ့ ယာဉ်မောင်းတို့ရေး …

DAF XF95 ကတော့ Euro 3 ၊ တလုံးတဖုံးမို့ မြန်မာပြည်နဲ့ကိုက်တဲ့ အင်ဂျင်ထဲမှာပါပါတယ်။ DAF XF105 ကတော့ Euro 5 မို့လို့ Adblue ပါပါလိမ့်မယ်။ ကျော်ထား ခွထားကြရင် မူလအခြေနေ အတိုင်းပြန်ရနိုင်တဲ့နည်းနဲ့ပဲ လုပ်ကြဖို့ အားလုံးကို အကြံပေးဖူးထားပါတယ်။ NOx Error လေးတွေ ကိုယ်စီရှိကြကြောင်းနားလည်ထားပြီးသားပါ။ ဒါပေမယ့် XF95/XF105 ကို ချစ်သူတစ်ယောက်လို ဂရုစိုက်ရပါလိမ့်မယ်။ သူတို့ဂျီကျရင် ဈေးကြီးတတ်တယ်…


မြန်မာမော်တော်မှာ စစ်ဖူးခဲ့ကြတဲ့ ယခင်မှတ်တမ်းတွေအရတော့ DAF XF95 (ရ)စီး နဲ့ XF105 (၃)စီး တို့ကတော့ Air Dryer နဲ့ ဆက်စပ်ကိစ္စတွေကို စစ်ဖို့အချိန်ကျပြီဖြစ်ပါကြောင်း နဲ့ နီးစပ်ရာမှာ ဒါတွေစစ်ကြပါရန်…


(1) Air Dryer Filter ဖြုတ်ကြည့်ပါ (ခြောက်နေလား၊ စိုနေလား၊ ပိတ်နေလား၊ ညစ်ပတ်နေလား)၊ ဒါတွေတခုခုဖြစ်နေရင်လဲကြပါရန်


(2) Air Dryer Filter စိုနေရင်တော့ ချက်ချင်းဖြုတ်လဲပါ။ မလဲခင် လေလိုင်းအားလုံးကို လေအိုးပါမကျန် အတွင်းသန့်ရှင်းရေးလုပ်ပြီးမှ Air Dryer Filter လဲပါ။ Compressor ကို Gasket စစ်ပါ၊ ဆီကွင်း လေကွင်း ဝါရှာပါမကျန်သေချာစစ်ပါ။ Air Dryer Filter ကနေ 4Way ခွဲဘားဆီရောက်ပါမယ်၊ ပြီးမှ ဂီယာလိုင်း၊ ကလပ်လိုင်း၊ ပါကင်လိုင်း၊ ဘရိတ်လိုင်း တွေဆီကို အဆင့်ဆင့်ပို့တာဖြစ်လို့ Dryer Filter က စိုနေတဲ့ ရေနဲ့ ရေငွေ့တွေဟာ အဲ့ဒီ့လိုင်းတွေဆီကိုရောက်ရင် ရောဂါတတ်ပါလိမ့်မယ်။


(3) ကလပ်လိုင်း Clutch Engagement Rate စစ်ပါ၊ မှတ်မိသလောက်နဲ့ မှတ်တမ်းများအရ Clutch Stroke Length ကလပ်ကန်အား 23mm နဲ့ Clutch Plate Thickness ကလပ်ပြားအထူ 21mm ကနေ 19mm အထိရှိခဲ့ကြတဲ့အတွက် ရောက်ရှိကာလအရ ကလပ်ဖင်းဂါး နဲ့ ကလပ်ဘောများ အနာဆာမရှိခင်၊ ကလပ်ပြားအထူ 18mm အောက်ရောက်ခဲ့ကြရင်တော့ လဲသင့်ပါပြီ။


(4) ပါဝါစီယာတိုင်ပန်အုံကိုစစ်ပါ၊ ဆီယိုမှု၊ လက်ကျန်ပါဝါဆီနဲ့ ဆီအရည်သွေး တို့ကိုစစ်ပါ။


(5) ဂီယာဝိုင်၊ ကရောင်းဝိုင် နဲ့ ဖစ်တာစစ်တွေစစ်ပါ၊ ဆီယိုမှု၊ လက်ကျန်ပါဝါဆီနဲ့ ဆီအရည်သွေး တို့ကိုစစ်ပါ။ အမြင်အားဖြင့်တော့ အရောင်းပြောင်းနေရင်၊ အမြုပ်ထနေရင်၊ ကျဲလွန်း ပြစ်လွန်းနေရင်တော့ လဲသင့်ပါပြီ။ လဲတဲ့ဆီရဲ့ အရည်သွေးကို အထူးအထူးဂရုစိုက်ပါ။ တလက်စထဲ ကရောင်းချက်နက်ကိုဖြုတ်ကြည့်ပါဦး၊ အဖတ်တွေကပ်နေရင်၊ အထဲ နဲနဲထပ်နှိက်ဖို့အားထုတ်ပါ၊ ဘာမှမရှိမှ ဆက်သုံးစေချင်ပါတယ်။


(6) ဘရိတ်လိုင်းအတွက်တော့ ရှေ့ခေါင်းအောက်က Front Brake Modulator ၊ ခါးလယ်က Trailer Control Valve တွဲဘရိတ်ဘား၊ လင်ဗန်းအောက်က Rear Brake Modulator နောက်ဘရိတ်ဘား၊ လေအိတ်တွေတင်ချလုပ်ပေးတဲ့ဘားဖြစ်တဲ့ ECAS Modulator တွေကို စစ်ပါ၊ သန့်ရှင်းရေးလုပ်ပါ။


(7) ဆီလိုင်းအတွက်တော့ ရေစစ်ထုတ်နိုင်တဲ့ အမှတ်(၆)အဆင့် 6 Micron Water Separator ကို မဖြစ်မနေတပ်သင့်ပါတယ်၊ MX Engine ရဲ့ Bosch/Delphi Unit Injector များဟာ လက်ရှိ အရည်သွေးပြည့်ဒီဇယ်များရဲ့ ကောင်းခြင်းဆိုးခြင်းကို ရင်ခုန်ခံစားနိုင်စွမ်းမရှိပါဘူး၊ လဲဖို့ ပြင်ဖို့ ဈေးမြင့်ပါတယ်။


ဒီ အချက် (ရ)ချက်လေး လုပ်လိုက်ရင် ကုန်ကျစရိတ် ၅သောင်းကနေ ၂သိန်းလောက်ထိရှိနိုင်ပေမယ့် ကုန်နိုင်ချေ သိန်း (၃၀)လောက် ကာကွယ်ပြီးသား ဖြစ်ပါပြီ။


(ရင်နှင့်ရင်းတဲ့)

မြန်မာမော်တော်

Europe Trucks Service Centre

(၅၈လမ်း ၊ မင်္ဂလာ-ရတနာကြား၊ စက်မှု့၊ မန္တလေးရွှေမြို့တော်)

ကိုရစ်ကီကျော်

၀၉-၇၈ ၅၅၅၉၁၁၉




31 views0 comments

Comments


bottom of page