top of page
Search

Renault ကားကြီးတွေရဲ့ Air Dryer နှင့် ပက်သက်သမျှ

Updated: Oct 9, 2019

Renault မောင်းတဲ့ ကြင်နာတတ်သော ယာဉ်မောင်းတို့ရေ …

Renault တွဲခေါင်းကားတွေရဲ့ Air Dryer နဲ့ ပက်သက်သမျှ ...

သိထားသင့်တာလေးတွေကတော့ ...


တို့တိုင်းပြည်မှာ Renault နဲ့ DAF တွဲခေါင်းတွေရဲ့ လေလိုင်းမှာ ပြသနာအဖြစ်များကြတယ် …

ဘာကြောင့်ဆိုတော့ ပူ/နွေး/စိုစွတ် တဲ့ Tropical Weather Zone ရှိတဲ့ တို့တိုင်းပြည်အတွက်တော့ သူ့မှာတပ်ဆင်ထားတဲ့ လေလိုင်း အသုံးချမှုစနစ်က ပြသနာဖြစ်ပေါ်လာစေတယ် …


ဒါကိုလဲ မူရင်းထုတ်လုပ်သူတွေက ဝန်ခံထားပြီးပါပြီလေ …

အဲ့ဒီတော့ တို့တိုင်းပြည်မှာရောက်ပြီးကားတွေအတွက် တခုခုတော့ အဖြေရှာရပါမယ် …

အအေးပိုင်းအတွက်သာရည်ရွယ်ထားတဲ့ လေလိုင်း အသုံးချမှုစနစ် Software Data Set ကို ပြုပြင်ပေးဖို့လိုတယ် … နည်းပညာအခေါ်အရ Parameter Value တွေကို ပြောင်းဖို့လိုတယ် …

ဒီလိုလုပ်တာကို ဆော့ဝဲ ပြန်ပြင်ရေးတာ Re-Program လုပ်တယ်ခေါ်တယ် …


ယာဉ်မောင်းတွေနားလည်အောင်အလွယ်ဥပမာပေးရရင် …

ကားကို ၁နာရီ စက်နိုးထားတယ်ဆိုကြစို့ …

Air Compressor က လေကိုထုတ်ပေးနေပြီ …

Air Dryer က ထုတ်ပေးတဲ့လေကို ခြောက်သွေ့အောင်လုပ်မယ် ချွေးစစ်မယ်... ပြီးရင် သက်ဆိုင်ရာခွဲဘားတွေဆီပို့ပေးမှာပါ …

စစ်ထုတ်လိုက်နိုင်တဲ့ ချွေးအရည် ကို ၁လီတာရေသန့်ဘူးနဲ့ ဥပမာ တိုင်းတာလိုက်ကြစို့ …

တို့လိုပူနွေးစိုစွတ်တဲ့တိုင်းပြည်မှာ နာရီ ၁သောင်းမောင်းရင် ချွေး ၁လီတာရေသန့်ဘူးရတယ်ဆိုကြစို့ …

အေးတဲ့တိုင်းပြည်မှာတော့ နာရီ ၂သောင်းမောင်းမှ ချွေး ၁လီတာရကြတယ်လေ ..

ထုတ်ထားတဲ့ အခြောက်ခံ Processing System စနစ်က နာရီ ၂သောင်းစာ အစီစဉ် …

တို့ဆီမှာက နာရီ ၁သောင်းနဲ့တင် ချွေးကိစ္စပေါ်နေတော့ ကျန်တဲ့ နာရီ ၁သောင်းစာ ထွက်တဲ့ချွေးက ဘယ်ကိုရောက်နိုင်မလဲ …

ခွဲဘား ဖြတ်ဘားတွေဆီကို ဒီအရည်တွေရောက်မှာပါပဲ။ ရောက်တော့ ဘားတွေပျက် ကြောင်တာတွေကြောင် …

အဆိုးဆုံးဖြစ်နိုင်ခြေများတာက Air Filter / Air Dryer Filter ကို အရည်သွေးညံ့တာသုံးထားရင် ပိုဖြစ်နိုင်ဖို့သေချာပါတယ် …

Renault Air Dryer တွေက Processing System ဆားကစ်တွဲရက်ပါလို့ ဈေးကြီးတဲ့ အပိုပစ္စည်းစာရင်းဝင်ပါ ...

Renault Air Dryer ပြသနာ ဘယ်လိုဖြစ်သလဲ ...

(၁) Air Line Error မီး အမြဲပေါ်နေတတ်ပါတယ်

(၂) Transmission Error မီး အမြဲပေါ်နေတတ်ပါတယ်

(၃) Parking Brake P မီး ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်ပါတယ်

(၄) နောက်တွဲဘရိတ်အမိနည်းပြီး နောက်ဘီး Disk Drum ကွဲတတ်ပါတယ်

(၅) APM Calibration မီးပေါ်လာတတ်ပါတယ်

(၆) Air Dryer ကလေစိမ့်ရာကလည်းစတတ်ပါတယ်

Renault Air Dryer ပြသနာ မဖြစ်အောင်ဘယ်လိုကာကွယ်မလဲ …

(၁) Air Processing Software Parameter တွေကို နဲနဲကစားပေးရပါတယ် …

(၂) APM Software Re-Program လုပ်ရပါတယ် …

(၃) Air Filter / Air Dryer စစ်အကောင်းစားကိုသာ မပျက်မကွက်လဲရန် ...

- ရန်-မန်း ၆ခေါက်

- မန်း-မူဆယ် ၅ခေါက်

(၄) လေအိုးကို အခေါက်တိုင်းချွေးထုတ်ရန် လေစစ်သန့်ရှင်းရေး အမြဲလုပ်ရန်

Renault Air Dryer ပြသနာ ဖြစ်ရင်ဘာလုပ်ရမလဲ…

သက်တမ်းစေ့လို့ဖြစ်ဖြစ် အပေါ်က ဖော်ပြခဲ့ဖူးတဲ့ အချက်တွေဖြစ်လို့ဖြစ်ဖြစ် ဖြစ်သွားခဲ့ရင်တော့ နီးစပ်ရာ ပြင်တတ်တဲ့နေရာမှာ …

Dryer အလုံးလိုက်မလဲခင် လုပ်သင့်တာကတော့ ...

(၁) အရင်ဆုံး Air Dryer (APM) Software Re-Program လုပ်သင့်ပါတယ်

(၂) လက်ပူတိုက်ထားတဲ့ Air Connection Line တွေကို သေချာအောင်ပြန်စစ်သင့်ပါတယ်

(၃) လေထွက်နှုန်း Air Flow rate တွေကို စံနှုန်းအတွင်းရှိ မရှိ သေချာအောင်စစ်သင့်ပါတယ်

(၄) လေထုတ်နှုန်း - လေသုံးနှုန်း (Processing rate / Consumption rate) တွေ အချိုးညီမညီစစ်သင့်ပါတယ်

(၅) အပေါ်က အချက်တွေ တခုမှမကိုက်ညီ ဘူးဆိုရင် အလုံးလိုက်လဲရပါမယ်။ သက်တမ်းအရ အဟောင်းကိုတော့မလဲသင့်ပါ။