top of page
Search

Scania EMS ဘောက်ပျက်ရင်

Updated: Oct 12, 2019

Scania Engine Management System EMS ဘောက်ပျက်ရင် အစုံလိုက်လဲစရာမလိုအပ်လောက်ပါ။

ပျက်ရင် ပျက်တဲ့အလုံး ကိုပဲအစားထိုးလဲလှယ်လို့ရပါတယ်။

လဲလှယ်ပုံနည်းလမ်းတကျတော့ ဖြစ်ရပါမယ်။

ပျက်တတ်တဲ့အကြောင်းအရာအချို့တော့ရှိပါတယ်။

ဘောက်ပျက်တယ်လို့ ယူဆနိုင်စရာအချက်အလက်အချို့ကတော့ ...

--------------------

၁။ အခြားဘောက်တွေဆီက Signal ဝင်/ထွက် လက်ခံမရတာ (COMMS FAULTS)

၂။ ကြားခံ Fuse တွေလောင်လို့ ဘက်ထရီငုတ်မှားထောက်လို့ Shock ဖြစ်တာ (BLOWING FUSES)

၃။ ရေ/ဆီ ဘောက်ထဲဝင်လို့ဖြစ်တာ (WATER / OIL INGRESS)

၄။ မောင်းနေစဉ် ခနခန စက်ထိုးရပ်တာ (ENGINE CUTTING OUT)

၅။ ဘောက် ကတိုက်ရိုက်ထိန်းချုပ်တဲ့ ဆင်ဆာတွေကို နားမလည်တော့တာ (SENSOR FAULTS)

၆။ ဆီပို့ ဆီပြန် စနစ် မမှန်တော့တာ (INJECTION OUTPUT)

ရ။ ဘောက်က ဆော့ကတ်ပင်တွေ ပျက်စီးလို့ဖြစ်တာ (CONNECTOR/PIN DAMAGE)

----------------------

ဘောက်ပျက်လို့လဲပြီဆိုရင် ပရိုဂရမ်ပြန်ရေးရတဲ့ ကိစ္စပါလာပါတယ်။

EMS နဲ့တွဲနေတဲ့ အခြားဘောက်တွေကိုလဲ ကိုယ်လဲလိုက်တဲ့ဘောက်ကိုသိအောင် ပရိုဂရမ်ပြန်ရေးရပါတယ်။

Scania ရဲ့ Electrical System မှာတော့ ...

EMS + COO + IMMO + SMS + APS + VIS + EBS + LAS + BWS ဆိုပီးတွဲရက်အလုပ်လုပ်ကြပါတယ်။

အချို့ကတော့ EMS + COO + IMMO Key ဒီ ၃မျိုးနဲ့ အလွယ်တကူ အတွဲလိုက်လဲကြပါတယ်။

၃မျိုးပေါင်းလဲရင် စက်တော့နိုးပါပြီ ဒါပေမယ့် ကျန်တဲ့ ဘောက်တွေ နဲ့ အချင်းချင်းသိဖို့ကို Spareparts Programming ပရိုဂရမ်ပြန်ရေးရပါတယ်။

ဒီနည်းကတော့ ကုန်ကျစရိတ်များတတ်ပါလိမ့်မယ်။ ပျက်တဲ့ ဘောက်ပဲ လဲရင်တော့ ကုန်ကျစရိတ်သက်သာစရာရှိနိုင်ပါတယ်။

စနစ်တကျ လဲလှယ်ပုံနည်းလမ်း ၂မျိုးရှိပါတယ်

(၁) Scania Dealer ဆီကနေ EMS + COO + IMMO Code တိုက်ရိုက်ဝယ်ပြီး ပရိုဂရမ်ရေးတာရယ်

(၂) မူလရှိပြီးသား Program File (SOPS) ကို လဲမယ့်ဘောက်ရဲ့အချက်အလက်တွေပြန်ပြင်ပေးပြီး ပရိုဂရမ်ရေးတာရယ် (SOPS Reprogramming)

အခုကား EMS ၁လုံးထဲသာ လဲမယ့် ကိစ္စကိုတော့ မူလရှိပြီးသား Program File (SOPS) ကို လဲမယ့်ဘောက်ရဲ့အချက်အလက်တွေပြန်ပြင်ပေးပြီး (SOPS Reprogramming) ပရိုဂရမ်ပြန်ရေးပေးပါတယ်။

မေးတတ်တဲ့ ညီငယ် စက်ဆရာအချို့အတွက် ဗဟုသုတ ရအောင် အကျဉ်းချုပ်ပါ။ တတ်ပီးသားများကတော့ ကျော်သွားလိုက်ပေါ့။

- Unlock COO & EMS to Close Fuel Shut-Off Valve

- Change EMS

- Prepare Correct SOPS parameters

- Change VIN/SW/HW

- Edit EMISSION MODE

- Edit EGR MODE

- Clear IMMO

- Lock with new EMS & COO to Open Fuel Shut-Off Valve

- Perform Spareparts Programming and Safe Conversion

- Cheers

မြန်မာမော်တော်အတွက် Scania Programming မှာ သာမန်လုပ်ရိုးလုပ်စဉ်တခုမျှသာ ဖြစ်လို့ ကူညီရန်အသင့်ရှိပါကြောင်း ...


ရင်နှင့်ရင်းတဲ့

မြန်မာမော်တော်

Europe Trucks Service Centre

(၅၈လမ်း ၊ မင်္ဂလာ-ရတနာကြား၊ စက်မှု့၊ မန္တလေးရွှေမြို့တော်)

ကိုရစ်ကီကျော်

၀၉-၇၈ ၅၅၅၉၁၁၉



25 views0 comments

Comments


bottom of page