top of page
Search

Scania P ရယ် R ရယ် G ရယ် .. EURO-3 / EURO-5 တွေ ဘာဖြစ်တတ်ပါသလဲ ...

အတော်ဆုံး ယူရိုယာဉ်ပိုင်ရှင်များ နဲ့ အတော်ဆုံး ယူရိုယာဉ်မောင်းတို့ရေ...

၂၀၂၀ မိုးတွင်းမှာ Scania P-114/380 - R-420-440-470-480 တို့အတွက် ၂၀၁၈-၂၀၁၉ အတွေ့ကြုံနဲ့ မှတ်တမ်းတွေအရမှာတော့ သတိပြုရမယ့် အချက်အချို့ နဲ့ လုပ်ဆောင် သင့်တဲ့ အချက်အချို့ကို (အကျဉ်းချုံး) အကြံပေးပါ့မယ် ... ဒါတောင်တော်တော်ရှည်နေလေပြီ။


အခုလိုအချိန်မျိုးမှာ Scania တွေမှာတွေ့ရတတ်တဲ့ ဖြစ်လေ့ရှိတဲ့ Error ကုတ်တွေကတော့ ... EMS 111xx / EMS 51xx / EMS 47xx / GMS 110xx / BMS 317xx / BMS 256xx / BMS 258xx စတာတွေပါပဲ။ ဒါကလဲ စစ်မှ သိနိုင်တဲ့အချက်တွေပါ။ ဖြစ်ရတဲ့အကြောင်းရင်းတွေက ...


(ဆီလိုင်းအတွက်ကတော့)

ရေကျန်နဲ့ အနည်တွေဖယ်ထုတ်ရန် ဆီတိုင်ကီကို ကျင်းထားလိုက်ပါ။

Water Seperator ခေါ်တဲ့ ရေစစ်ဘူးတပ်ထားတဲ့ကားကတော့ အေးဆေးနေရပါပြီ။

Rail တန်းမှာရှိတဲ့ ဆီးကွင်းတွေကိုစစ်ရပါမယ်။ နွေမှာသုံးထားတဲ့အတွက်ရယ် မိုးမှာ ပါလာမယ့်ရေငွေ့ အနည်းငယ်ရယ် ၂ခုပေါင်းပြီး ဆီးကွင်းတွေရဲ့ ကျုံ့ ကျယ်မှုကို လျော့ကျစေပြီး၊ Rail pressure ကို လိုအပ်တာထက် ပိုစေ / လျော့စေ တတ်လို့ပါ။ Scania မှာ Rail pressure ကို ပိုရင် 1bar / လျော့ရင် 1bar အထိပဲ လက်ခံနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ အစွန်း၂ဖက်ထက် ပိုလာခဲ့ရင် စက်ခနခနသေပါလိမ့်မယ် အနိုးရှည်ပါလိမ့်မယ်။ ရလာဒ်ကို စတက်မော်တာ၊ နော်ဇယ် နဲ့ ဆီလိုင်း အရေးကြီးဆင်ဆာ ၄လုံး မှာ တွေ့ရပါလိမ့်မယ်။ အင်ဂျင်ဘောက် ECM ကနေ ဆီပို့ ဆီပြန်စနစ်မှာ ပုံမှန်မဟုတ်တာတွေ့တာနဲ့ ချက်မီး အနီပြပြီး Fuel ShutOff Valve ကနေတဆင့် အပျက်စီးမရှိအောင် ချက်ချင်းစက်သတ်ပေးပါလိမ့်မယ်။ သို့သော် ... အရေးပေါ် ဆီဖြတ် စက်သတ်ပေးမယ့် ဘားဟာ ကောင်းတဲ့ကားရှားပါတယ်။ မိမိတို့ကားကရော ဘယ်လိုအခြေနေရှိပါသလဲ ...


(ရေလိုင်းအတွက်ကတော့)

ရေတိုင်ကီကိုအခါအားလျော်စွာ အတွင်းပြင် ဆေးသင့်ပါတယ်။ ကားအများစုဟာ ရေပဲထည့်မောင်းကြလို့ ရေဂျိုးတွေကပ်နေမှာအသေချာပါပဲ။ Heat တက်မှသာထလုပ်ကြတဲ့အလေ့ထက အရိုးစွဲနေကြလို့ သာမိုစတပ် / ရေလည်ပန့် / ဟက်ဂတ်စကတ် တွေ ရောင်းကောင်းပါတယ်။ Coolant သာထည့်သုံးရပါမယ်။ နောက်အရေးကြီးအချက်က EGR Cooler မှာလဲ ရေသုံးထားလို့ အတွင်းပိုက်တွေမှာ ဆွေးနေတာတွေ့

ရတတ်ပြီး အိပ်ဇောမှာရေထွက်လာရင် ဒါမှမဟုတ် ရေပြန်ဗူး ထဲမှာ အင်ဂျင်ဝိုင်တွေ့ရမယ် ဆိုရင်တော့ တကယ်ဆွေးရပါလိမ့်မယ်။ မိမိတို့ကားကရော ဘယ်လိုအခြေနေရှိပါသလဲ ...


(လေလိုင်းအတွက်ကတော့)

မိုးငွေ့နဲ့ဆိုတော့ လေစစ်ပုံမှန်မမှုတ်တဲ့ကားတွေက ဖုံခဲပိတ်ဆို့ပီး ပြန်မှုတ်မရအခြေနေဆိုရင်တော့ လဲသင့်ပါပြီ။ လေစစ်ဆိုတာ ဖုံ/ရေငွေ့ နဲ့ ရေ တို့ကို အထိုက်လျောက် စစ်ပေးနိုင်ရပါတယ်။ အပေါစားလေစစ်မသုံးသင့်ပါဘူး ဘာကြောင့်လဲဆိုတော့ လေစစ်အုံဟာ ကားရဲ့အောက်မှာမို့ ရေကျော်လမ်းတွေဖြတ်တဲ့အခါ လေစစ်က ရေကိုသေချာ မစစ်ပေးနိုင်ခဲ့ရင် ပြသနာကြီးကြီးရှိတတ်ပါတယ်။

နောက်အရေးကြီးတခုက Air Dryer နဲ့ လေကွန်ပရက်ဆာ အခြေနေကို စစ်ကိုစစ် ထားရပါမယ်။ ကီလို ၇သိန်းကျော်ကားများရဲ့ လေကွန်ပရက်ဆာ ဟက်ဂတ်စ်ကတ်များဟာ ရေကျော်နေတတ်ပြီး Air Dryer ကနေတဆင့် လေအိုးထဲမှာ ချွေးအဖြစ်ရှိနေတတ်ပါတယ်။ ချွေးမှန်မှန်ဖောက်ချလို့ ပြီးပြီမထင်လိုက်ပါနဲ့ အဲ့ဒီ့ချွေးလာရာကသာ ပြသနာတောက်လျှောက်ပေးနိုင်တာပါ။ Scania Air Dryer ဟာ APS လို့ခေါ်တဲ့ လေထုတ်လုပ်မှုကိုအလိုလျောက်ထိန်းပေးတဲ့ ဆားကစ်နဲ့တွဲရက်မို့ ကွန်ပရက်ဆာက လာတဲ့ရေဟာ Air Dryer ထဲရောက်ပြီး ဆားကစ်ရှော့ဖြစ်တတ်ပါတယ်။ လဲလိုက်ရရင်လဲ ပရိုဂရမ်ပြန်ရေးရပါလိမ့်မယ်။ မိမိတို့ကားကရော ဘယ်လိုအခြေနေရှိပါသလဲ ...


(အင်ဂျင် နဲ့ ဂီယာ ပိုင်းအတွက်ကတော့)

ယာဉ်မောင်းဦးခေါင်းအထက်ပေါ်က တာခိုဂရပ်ဟာ သက်တမ်းကျော်နေပြီး ပရိုဂရမ်ပြန်မလုပ်ရသေးတဲ့ကားတွေမှာ Rotation Speed Sensor နဲ့ Gear pulse speed Sensor မှာ ပြသနာရှိနေတတ်ပြီး ဂီယာချိန်းရင် အသံကြမ်းမယ် / ဂီယာနံပတ် စုံ-မ အလိုက် တခုဝင် တခုကျော် စသဖြင့်ရှိတတ်ပြီဆိုရင် / လီဘာအလွတ်နင်းရင် အင်ဂျင်အတက်ကောင်းပြီး ဂီယာဝင်ရင် လီဘာကြမ်းကပ်တောင် အင်ဂျင်တက်မလာတာတွေ ရှိနေတတ်ပါလိမ့်မယ်။ ဘာပစ္စည်းမှမလဲပါနဲ့အုံးလေ။ တာခိုဂရပ်ကို အရင် ပရိုဂရမ်ရေးပြီးမှသာ ဘယ်နေရာပျက်နေတာ အမှန်ပေါ်ပါလိမ့်မယ်။ ပြီးကာမှ ဂီယာပိုင်းက T-Sensors တွေအားလုံးကို EMS-OPC Calibration လုပ်ပေးလိုက်ရုံပါပဲ။

Scania EGR ပိုင်းကို ပိုင်ရှင်အများစုက (အသေပိတ်)ချင်နေကြတာ V107 Valve Block ကြောင့်လား ဒါမှမဟုတ် ဘယ်သူကများမြှောက်ပေးပါလိမ့်လို့တွေးမိနေတုန်း အိပ်ဇောကျောက်ဇကာပါမရှိတော့ တာတွေ့တော့ အံ့အားသင့်မိပါတယ်။ အိပ်ဇောကထွက်လာတဲ့ အပူကို Turbo Compound Unit ကသုံးပြီး 50HP လောက်ထပ်တိုးအောင်လုပ်ထားပေမယ့် EGR / EXHAUST NOx Error ရှိလာရင် ရုန်းအားကျတတ်တဲ့ Engine Derate Function ဖြစ်နေရင် အရှုံးပါပဲ။ တကယ်တော့ EGR/NOx System ကို Disable လုပ် ခိုင်းထားဖို့ပါပဲ။ အပိုတပ်ထားတာ တခုမှမရှိတဲ့အတွက် မဖြုတ်သင့်ဘူးလို့သာ ယူဆပါတယ်။ နောက်ဆက်တွဲ ရလာဒ်ကတော့ ပိုင်ရှင်အတွက် သိပ်မကောင်းနိုင်ဘူးလေ။


ရင်နဲ့ရင်းတဲ့

ကိုရစ်ကီကျော် (မြန်မာမော်တော်)

ယူရိုကားကြီး အထူးကု ဆားဗစ်

အမှတ်(၅၁)၊ ၅၈ လမ်း၊

မင်္ဂလာလမ်း နှင့် ရတနာလမ်းကြား၊

စက်မှု(၁)၊ ပြည်ကြီးတံခွန်၊ မန္တလေးရွှေမြို့တော်။

၀၉-၇၈ ၅၅၅ ၉၁၁၉







182 views0 comments

Comments


bottom of page