Volvo ကို သေချာစစ်မယ်ဆိုရင်
Updated: Oct 12, 2019
ဆရာကျော်ရေ ကျနော့် Volvo က ABS မီးကလင်း..
ဘရိတ်က ကောင်းလိုက် ရှောလိုက်.. ကောင်းတလှည့် မကောင်းတလှည့်..
မြေပြန့်မှာတောင်မှ ဖိနင်းလဲ လီဘာကမလိုက်.. ကောင်းချင်ပြန်တော့ ရွလို့..
ဂီယာကပြောင်းချင်ပြောင်း.. မပြောင်းချင်ရင်ကြာ..
ဘာမီးတေမှန်းမသိ နီဝါဖြူစုံလို့.. တတုံတုံမြည်လို့..
ဂီယာထိုးထွက်ရင် ကောင်းချင်ကောင်း.. မကောင်းချင်ဆောင့်ထွက်..
စိတ်တိုလို့ရပ်ထားလိုက်တော့ .. ကားက လေမကုန်မချင်း ဖင်တောင်မြှောက်လိုက်ချလိုက် အကြိမ်ကြိမ်လုပ်ပြသေးတယ်ဗျို့.. ရောဂါစုံနေလို့ ကူညီပါဦးဗျာ..
အိုကေဗျာ ကိုဖွပြောပြပုံအရ ကနဦးသုံးသပ်ပေးမယ်..
ABS Sensor မီးလင်းတယ်ဆိုတာ.. ဒီ ABS ဆင်ဆာတွေ ကိုသေချာစစ်ဖို့အတွက် သတိပေးတဲ့ မီးအဖြူရောင် ..
အချက်ပေးတဲ့ မီးအဝါလေးတွေနဲ့တွဲပေါ်လေ့ရှိတယ်..
ABS မီးလင်းတိုင်းပျက်တာလို့ယူဆလို့မရသလို နောက်ခံအချက်တွေဖြစ်တဲ့..
ABS ဆင်ဆာမကောင်းရင်..
ABS ဆင်ဆာ ညှို့အားပျော့သွားရင်..
ABS ဆင်ဆာ ကိုညှို့တဲ့ ဆင်ဆာကွင်း ပျက်စီးရင်..
ABS ဆင်ဆာ နဲ့ ညှို့တဲ့ကွင်း အကွာဝေးက သတ်မှတ်နှုန်းထက် ပိုနေ/လိုနေရင်..
ABS ဆင်ဆာ ရဲ့ကြားခံဖြစ်တဲ့ EBS Modulator ခေါ်တဲ့ ဘရိတ်ဘားတွေဆီကပျက်ရင်..
ABS ဆင်ဆာရဲ့ထိန်းချုပ်သူဖြစ်တဲ့ EBS Control Unit ခေါ်တဲ့ ဘရိတ်ဘောက်က အလုပ်မလုပ်ရင်..
ဒါတွေကြောင့် ABS မီးလင်းလာတတ်တယ်.. အဲ့လိုသတိပေးမီးလင်းလာရင်တော့ သူနဲ့ ဆက်စပ်အလုပ်လုပ်တဲ့ စနစ်တွေဖြစ်တဲ့ ဘရိတ်စနစ် ဂီယာစနစ်တွေမှာပါ သက်ရောက်မှုရှိတယ်..
ဒီတော့ ဘရိတ်မာရှော မိချင်မမိချင်ဖြစ်တာ..
ဂီယာအချိန်းနောက်ကျတာ ဂီယာချိန်းရင်လဲ ဆောင့်ဆောင့်ထွက်တာ..
တိုက်ရိုက်သက်ရောက်မှုရှိမရှိကိုတော့ အသေးစိပ်စစ်မှရမယ်ဗျို့..
ဟုတ်ကဲ့ပါ ကိုရစ်ကီကျော်ရေ စိတ်တိုင်းကျသာ စစ်ပေးတော့ဗျာ..
ဟုတ်ကဲ့ ကိုဖွရေ အသေးစိပ်စစ်ကြည့်ပေးမယ်ဗျို့..
ဒါနဲ့ Diagnostic ထိုးကြည့်လိုက်တော့..
ကိုယ်ပြုံးလိုက်ပြီလေ..
Chassis ID Discrepancy on EBS MID136
ဆိုလိုတာက အခြားကားက ဘရိတ်ဘောက်ကိုတပ်ထား လဲထားတော့ ကားချယ်ဆီမတူလို့ ဘရိတ်စနစ် အပြည့်၀ အလုပ်မလုပ်တာတွေ့ရတယ်.. ဘရိတ်ဘောက်အတွက် အလုပ်လုပ်တဲ့စနစ်တွေဖြစ်တဲ့ Data Set တွေမတူတာကို Volvo Catalog နဲ့တိုက်စစ်ကြည့်တော့ ပိုသေချာပြီ.. Volvo မှာ ဘယ်ဘောက်ကိုမှ အခြားကားကနေ အစားထိုးလို့မရ.. Program ပြန်လုပ်ပေးမှ အပြည့်၀ အလုပ်လုပ်တယ်လေ.. Software Error လို့လဲခေါ်နိုင်ပါတယ်..
ဒီတော့ ဒီလဲထားတဲ့ ဘရိတ်ဘောက်ကို ပရိုဂရမ်ပြန်ရေး Data Set တူအောင် ချယ်ဆီနဲ့တကွ Volvo Server ကနေ ဝယ်ပြီး ဒေါင်းလုတ်ချ Re-program ရေးတော့ ABS Sensor ခါးလယ်တန်းပျောက်နေတာ ပြေလည်ပြီ.. ကျန်တဲ့ နောက်တန်းက ABS Sensor ၁လုံးကတော့ EBS ဘရိတ်ဘားကနေ ပျက်နေတာဖြစ်လို့ ဘရိတ်ဘားလဲလိုက်ရင်တော့ ပြေလည်နိုင်ပြီ..
Brake Modulator Signal/Volt/Pressure မှန်သွားပြီဆိုတော့ ဘရိတ်စနစ် ပုံမှန်ပြန်ဖြစ်ပြီ..
ဆက်ပြီး ဂီယာပိုင်းလိုက်ကြရအောင်..
ABS Speed Signal တွေ ကောင်းသွားတော့ ဂီယာချိန်းတာပုံမှန်ပြန်ဖြစ်သွားပြီ ဒါပေမယ့် ဂီယာ ၆ နဲ့ ၇ မှာ အတက်ရော အကျရောတစ်နေတယ်ဆိုတော့.. High/Low Torque အပြောင်း ပန်ထွေအုံ ခေါ်တဲ့ Planetary Gear Set ကိုစစ်တော့ Engagement Ring လို့ခေါ်တဲ့ ဂီယာကွင်း၁စုံပျက်စီးနေတာတွေ့လို့ လဲလိုက်ရင် ပြေလည်ပြီ.. ရံဖန်ရံခါ အထွက်တွေမှာ ဆောင့်ဆောင့်ထွက်တဲ့ကိစ္စ ကိုစစ်တော့..
- Clutch Stroke Length ခေါ်တဲ့ ကလပ်ပြားနဲ့ဖင်းဂါး အကွာဝေး စံတန်ဖိုး လွဲနေတယ်..
- Clutch Wear / Slip Point / Engagement Point ခေါ်တဲ့ ကလပ်အမိ/အလွတ် စံတန်ဖိုးတွေလွဲနေတယ်..
မေးကြည့်တော့ ကလပ်ပြားတော့လဲဖူးတယ်ပြောလာတော့ Clutch Calibration မလုပ်ခဲ့လို့ဖြစ်ကြောင်းသေချာတာနဲ့ ..
Clutch Learn / Calibration ပြန်လုပ်တော့ ပြေလည်ပြီ..
Clutch Calibration လုပ်တယ်ဆိုတာ..
- အသစ်လဲလိုက်တဲ့ကလပ်ပြားရဲ့ အထူပါး နဲ့ ပွတ်တိုက်နှုန်း..
- ဖင်းဂါး နဲ့ ကလပ်ပြားအကွာဝေး.. စတာတွေကို ဆင်ဆာတွေသိအောင် ပြန်လည်ချိန်ညှိပေးခြင်းကိုခေါ်ပါတယ်..
- မလုပ်မိရင် အရင်ကလပ်ပြားအဟောင်းက တန်ဖိုးတွေနဲ့ပဲ အ