ကြင်နာတတ်သော Scania – MAN – Volvo – Renault - DAF မောင်းတဲ့ အတော်ဆုံး Europe ယာဉ်မောင်းတို့ရေ ..
ဒီတပတ် Scania R420 Manual / MAN TGA 430 Auto / Volvo FH440 Manual/ Renault DXI450/ DAF XF95 တာခိုဂရပ် ကိစ္စ အကြောင်း ဆန်းစစ်ကြည့်ကြရအောင် ...
--- (Scania မှာ) ---
မိုင်းလစ် လုံး၀ မပေါ်တော့ဘူး ..
အမြန်နှုန်းပြ ဒိုင်ခွက်မတက်တော့ ..
ဂီယာ Low / High မချိန်းတော့ ..
မောင်းနေရင်း ဂီယာရှိပြီးသားကို လီဘာဟာနေတယ် ..
စက်စဖွင့်ဖွင့်ခြင်း COO/Engine/Suspension/EBS အကုန် Mulfunction ပေါ်နေတယ် ..
--- (MAN မှာ) ---
မိုင်းလစ် လုံး၀ မပေါ်တော့ဘူး ..
အမြန်နှုန်းပြ ဒိုင်ခွက်မတက်တော့ ..
ဂီယာ Auto / Manual မချိန်းတော့ ..
မောင်းနေရင်း ဂီယာရှိပြီးသားကို လီဘာဟာနေတယ် ..
စက်စဖွင့်ဖွင့်ခြင်း TCO Mulfunction / Sensor Fault ပေါ်နေတယ် ..
--- (Volvo မှာ) ---
မိုင်းလစ် လုံး၀ မပေါ်တော့ဘူး ..
အမြန်နှုန်းပြ ဒိုင်ခွက်မတက်တော့ ..
အင်ဂျင် RPM ၁၂၀၀ ထက်ပိုမတက်တော့ ..
မောင်းနေရင်း ဂီယာရှိပြီးသားကို လီဘာဟာနေတယ် ..
စက်စဖွင့်ဖွင့်ခြင်း TCO Mulfunction / Sensor Fault ပေါ်နေတယ် ..
--- (DAF မှာ) ---
မိုင်းလစ် လုံး၀ မပေါ်တော့ဘူး ..
ဂီယာ Auto / Manual မချိန်းတော့ ..
မောင်းနေရင်း ဂီယာရှိပြီးသားကို အင်ဂျင်ဟဲပြီး ကားမဆွဲတော့ ..
စက်စဖွင့်ဖွင့်ခြင်း VIC Mulfunction / Sensor Fault ပေါ်နေတယ် ..
(ဘာညာ လဲမယ် ဖြုတ်မယ် ဆေးမယ် .. ဘာမှမလုပ်ကြပါနဲ့အုံးလေ)
အရင်တင်ဖူးတဲ့ ပို့စ် တွေဖတ်ပြီးသား ယာဉ်မောင်းဆိုရင် တော့ ဘာဖြစ်နိုင်သလဲ သိနိုင်ပါပြီ .. ဒီ ကားရဲ့ တာခိုဂရပ် ရဲ့ သက်တမ်းကုန်ပြီဆိုတာ .. တံခါးဘောင်မှာ ကပ်ထားတဲ့ တာခိုတပ်ဆင်စဉ် မှတ်တမ်းစတစ်ကာ မှာ တပ်ဆင်ကာလ ၂၀၁၅ ဆိုတော့ သက်တမ်းကုန်မှာက ၂၀၁၇.. ရောက်ရှိကာလ ၂၀၁၉ ဆိုတော့ Bonus အသုံးပြုကာလ ၂နှစ်ကျော်သုံးပြီးပေါ့ ..
တာခိုဂရပ်မှာ ၂မျိုးရှိတယ်..
(၁) အင်ဂျင်စနစ် EMS – EDC / ဂီယာစနစ် GMS-ASTronic/ ဘရိတ်စနစ် BMS-EBS ---(၃)ခု လုံးကိုထိန်းတဲ့ တာခိုဂရပ် မှာ ဆော့ကတ် ၂ခု ပါမယ်..
(၂) အင်ဂျင်စနစ် EMS- EDC/ ဂီယာစနစ် GMS-ASTronic/ ဘရိတ်စနစ် BMS-EBS/ လျှပ်စစ် ဘောက်ချုပ် COO-PTM-FFR-VIC ---(၄)ခု လုံးကိုထိန်းတဲ့ တာခိုဂရပ် မှာ ဆော့ကတ် ၃ခု ပါမယ်..
(ကျွမ်းကျင်ပညာရှင် မပါပဲ အစမ်းသဘောဖြစ်စေ လုံး၀ ဆော့ကတ် ဖြုတ်မကြည့်ပါနဲ့ ကောင်းနေတဲ့ အခြနေကနေ တမျိုးဖြစ်သွားနိုင်ပါတယ်။ ဖြစ်လဲ ဖြစ်ဖူးထားပါတယ်။)
အခြားကားကအဟောင်းဝယ်တပ်မယ်ဆိုရင် သက်တမ်းလွန်ပြီးသားတွေဖြစ်နေလို့ ၂ခါကုန်ဖို့သေချာပြီး ထပ်ဖြစ်ဖို့လဲသေချာပါတယ်..
ဒီတော့ .. ဒီတာခိုဂရပ်ကို ပြင်မလား.. ပြင်မယ်ဆိုရင် ကုန်ကျစရိတ် (၅)သိန်းရှိပါမယ်..
- အတွင်းက ဘက်ထရီလဲရပါမယ်
- အတွင်းက Data Signal Impulse Amplifier လဲရပါမယ်
- အပြင်က Speed Pulse Sensor လဲရပါမယ်
- လက်ရှိသုံးနေတဲ့ ဘီးတွေရဲ့ အတိုင်းတာကို တိုင်းတာပြီး သတ်မှတ်ချက်အတိုင်းတွက်ချက်ထားတဲ့ နှုန်းတစ်ခုနဲ့ ပြန်လည်ချိန်ညှိ Calibration လုပ်ရပါမယ်
- လက်ရှိသုံးခဲ့တဲ့ ဝိုင်ယာ အဟောင်းတွေနေရာကို အသစ်တွေနဲ့ အစားထိုးရပါမယ်.. ဒါဆိုနောက်ထပ် ၂၄လ ပြန်သုံးလို့ရပါပြီ ..
နောက်တနည်းက ဒီတာခိုဂရပ်စနစ်ကို လုံး၀ အသုံးမပြုချင်တော့ဘူးဆိုရင်တော့ ကုန်ကျစရိတ် (၆)သိန်းရှိပါမယ်..
သေချာပြီ .. လုံး၀ အသုံးမပြုချင်တော့ဘူးဆိုရင် ...
-တာခိုဂရပ်ရဲ့ K ဝိုင်ယာလိုင်းကို စနစ်တကျပိတ်ရပါမယ်..
-သက်ဆိုင်ရာ CAN-K / CAN-L/ CAN-H/ CAN-Pulse/Ground/Power စတဲ့ ဝိုင်ယာရင်းတွေကို စနစ်တကျလွှဲရပါမယ်..
-သက်ဆိုင်ရာ ဆက်စပ်ထားတဲ့ဘောက်တွေကို မသုံးတော့ကြောင်း အသိပေးရပါမယ်..
-သက်ဆိုင်ရာ ECU ဖိုင်ထဲမှာ Tacho Type ကို ကိုယ်လုပ်တဲ့အမျိုးစားအတိုင်း ကြေညာပေးရပါမယ်..
-ဒီလိုလုပ်တာကို Tacho Reprogram လုပ်တယ်ခေါ်ပါတယ်..
ဒါဆိုရင် ဒီတာခိုဂရပ်ကိစ္စ ကိုဖြေရှင်းပြီးပါပြီ … နောက် (၅) နှစ်ကြာရင် တပ်ထားတဲ့ ဝိုင်ယာတွေ ဆွေးမြေ့မှုရှိမရှိ တစ်ခေါက်ထပ်စစ်ဖို့လာခဲ့ရုံပါပဲ …
(ရင်နှင့်ရင်းတဲ့)
မြန်မာမော်တော်
Europe Trucks Service Centre
(၅၈လမ်း ၊ မင်္ဂလာ-ရတနာကြား၊ စက်မှု့၊ မန္တလေးရွှေမြို့တော်)
ကိုရစ်ကီကျော်
၀၉-၇၈ ၅၅၅၉၁၁၉
Comments