အထွေထွေ ဆားဗစ် နှင့် မူရင်းထုတ်အပိုပစ္စည်းများရောင်းဝယ်ရေး
မြန်မာမော်တော်မှာ SCANIA – VOLVO – RENAULT – MAN – DAF - Mercedes စသည်ဖြင့် EUROPEAN TRUCK နဲ့ BUS တွေအတွက် အထွေထွေဆားဗစ်များစွာကို လက်ခံဆောင်ရွက်ပေးနေပြီး၊ သီးသီးသန့်သန့် တင်သွင်းထားတဲ့ မူရင်းထုတ် အမျိုးစားမှန်တဲ့ Genuine / Original Engineering Manufacturer အပိုပစ္စည်းများရရှိနိုင်သလို အခြားပစ္စည်းလိုအပ်ချက်များရှိခဲ့ပါက ဘယ်ပစ္စည်းကို ဘယ်နိုင်ငံက ဘယ်လိုမှာယူရမယ်ဆိုတာ မြန်မာမော်တော်ရဲ့ အမြင့်ဆုံးကူညီနိုင်မှုစွမ်းရည်ဖြစ်ပါတယ်။
၂။
ECU ဘောက်ပိုင်းဆိုင်ရာ အပိုပစ္စည်းများ (Control Unit)
လဲလှယ်တပ်ဆင်မယ့် ECU ဘောက်အပိုပစ္စည်းအတွက် လိုအပ်တဲ့ ပရိုဂရမ်ပြန်ရေးရမှာ (Programming)၊ ပြန်လည်ချိန်ညှိရမှာ (Calibration)၊ နောက်ဆုံး အကောင်းဆုံး အခြေနေကို ပြန်လည်ရယူနိုင်တဲ့ (Re-Setting)၊ အစရှိတဲ့ လိုအပ်ချက်မှန်သမျှကိုလည်း တစ်ချိန်ထဲမှာပဲ လုပ်ဆောင်နိုင်စွမ်းရှိပြီး မြန်မာမော်တော်ရဲ့ အမြင့်ဆုံးကူညီနိုင်မှုစွမ်းရည်ကိုရရှိနိုင်မှာဖြစ်ပါတယ်။
၃။
ဆင်ဆာပိုင်းဆိုင်ရာ အပိုပစ္စည်းများ (Sensors & Switch)
ယူရိုမိတ်ကားအားလုံးမှာ ထုတ်လုပ်တဲ့ခုနှစ်အလိုက် မော်ဒယ်အလိုက် ကွဲလွဲချက်များစွာရှိပေမယ့်လည်း အပိုပစ္စည်းဝယ်ယူမှုရဲ့ အဓိကသော့ချက်က ကားနဲ့ဘတ်စ်များရဲ့ တည်ဆောက်ဖွဲ့စည်းပုံကို ချယ်ဆီကုတ်နဲ့ ထည့်သွင်းမှတ်တမ်းတင်ထားတဲ့ ကားကတ်တလောက် (Updated Online Catalog) ဖြင့်သာ တိတိ ကျကျ စစ်ဆေးဝယ် ယူနိုင်ခြင်းသာဖြစ်လို့ မြန်မာမော်တော်ရဲ့ အမြင့်ဆုံးကူညီနိုင်မှုစွမ်းရည်ကိုရရှိနိုင်မှာဖြစ်ပါတယ်။
၄။
ဂီယာဘောက် နှင့် ကလပ် ပိုင်းဆိုင်ရာ အပိုပစ္စည်းများ (Gearbox & Clutch)
လက်ရှိကားအများစုဟာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော် လောက်ကမော်ဒယ်များဖြစ်တဲ့အတွက် အပိုပစ္စည်းအများစုတို့မှာလည်း လက်ရှိကာလနဲ့ ကွဲလွဲလာကြပြီး မူလအတိုင်းတပ်ဆင်ထားခဲ့တာထက် ပိုမိုကောင်းမွန်တဲ့ နည်းပညာနဲ့အရည်သွေးကိုအသုံးပြုထုတ်လုပ်ထားတဲ့ ပစ္စည်းများကို လဲလှယ်အသုံးပြုရန် အကြံပြုညွှန်ကြားချက် (Supersedes and Special Instruction Note) တို့ဟာ နောက်ဆုံးထုတ် ကားကတ်တလောက် မှာဖော်ပြချက်အနေနဲ့ပါရှိပြီး မဖြစ်မနေလိုက်နာဆောင်ရွက်မှသာ ရေရှည်အသုံးပြုနိုင်မှာဖြစ်လို့ မြန်မာမော်တော်ရဲ့ အမြင့်ဆုံး ကူညီ နိုင်မှု စွမ်းရည်ကိုရရှိနိုင်မှာဖြစ်ပါတယ်။
၅။
ဘရိတ် နှင့် အောက်ပိုင်းဆိုင်ရာ အပိုပစ္စည်းများ (Brake & Suspension Kits)
ဘရိတ် နှင့် အောက်ပိုင်းဆိုင်ရာ ပစ္စည်းတွေ လဲလှယ်ဖို့ ရွေးချယ်ဝယ်ယူတော့မယ်ဆိုရင် ဦးစားပေးစဉ်းစားရမှာက ရှုပ်ထွေးလှတဲ့ လေလိုင်း တည်ဆောက်ပုံ စနစ်ကို နားလည်ထားပြီး EBS Version / ABS Type / Pressure Limitation Parameter / ဘရိတ်ဘောက်ရဲ့ ဆော့ဝဲဗားရှင်း၊ ခွဲဘားတွေရဲ့ အမြင့်ဆုံး နဲ့ အနိမ့်ဆုံး ခံနိုင်ရည်၊ ဆင်ဆာတွေရဲ့မူလသတ်မှတ်ချက်စံနှုန်း၊ စတာတွေကို သိရှိနားလည်မှသာဖြစ်လို့ မြန်မာမော်တော်ရဲ့ အမြင့်ဆုံး ကူညီနိုင်မှုစွမ်းရည်ကို ရရှိနိုင်မှာဖြစ်ပါတယ်။























