မြန်မာမော်တော်မှ ဗောက်ဆောကားလေးတွေရဲ့ ကြင်နာတတ်သောပိုင်ရှင်တို့ရေ ..
၂၀၁၉ တစ်နှစ်လုံးစာ အတွက် Maintenance လုပ်ပြီဆိုရင် ..
----------- အင်ဂျင်ပိုင်းမှာဆိုရရင် ----------
-ကားအဆွဲကျနေပြီမို့လား ..
-မီးခိုးလေးတွေ နဲနဲလိုက်မနေဘူးလား ..
-အဲကွန်းဖွင့်လိုက်ရင် RPM မငြိမ်တော့ပြီလား ..
-ဒတ်ရှ်ဘုတ်မှာရော ဂွမီးလေးလင်းနေလား ..
-ဆီစားနှုန်းက သိသာစွာပိုနေပြီလား ..
-တာဘို In- Out မှာ ဆီစလေးတွေရော တွေ့ပြီလား ..
-စက်နိုးစမှာ အိပ်ဇောက မီးခိုးလိုက်ပြီး အခြားချိန်မထွက်ဘူးဖြစ်နေပြီလား ..
-လီဗာက နင်းသလောက်မတက်ပဲ အထနှေးနေပြီလား ..
-အိပ်ဇောပိတ်နေလို့ ညှော်နံလိုလိုရတတ်ပြီလား ..
-အရင်က နံပတ် ၂ နဲ့ ၃ ဂီယာကို ကလပ်အလွှတ်လေးမှာ..
ကျောကပ်အောင်ထွက်ခဲ့တဲ့ အရသာကိုပြန်တမ်းတ နေလောက်ပါပြီလေ..
ဒါဆိုရင် EGR Valve ချိုးကပ်နေပြီ ..
Trottle Body ချိုးကပ်နေပြီ ..
ကျောက်ဇကာပိတ်နေလောက်ပြီ ..
Injector Firing Sequence လွဲနေလောက်ပြီ ..
Injection Rate တွေ စစ်သင့်ပြီ ..
ဒီတော့ ..
သူငယ်တန်းအဆင့် ဆေးမီးတိုနဲ့ရှင်းမလား ..
အလွယ်ကူဆုံးကတော့ EGR Valve နဲ့ DPF ဖြုတ်ဆေးလိုက်ပါ ..
ခနတော့ကောင်းသွားပါလိမ့်မယ် .. ထပ်ဖြစ်ပါလိမ့်မယ် ..
ထပ်ဖြစ်တော့ ထပ်ဆေးမလား ..
ခန ခနပိတ်တိုင်းဆေးတော့ အိပ်ဇောထဲက DPF က မကြွေပဲခံနိုင်မလား ..
EGR Valve ဆိုတာ ခန ခနဖြုတ်ဆေးလို့ မပျက်ပဲခံနိုင်မလား ..
အိပ်ဇောခနခနဖြုတ်တော့ အိပ်ဇောဆင်ဆာကရော ဒီဒဏ်ခံနိုင်မလား ..
Manifold Pressure Sensor ကရော ..
MAF Sensor ကရော ..
Turbo Boost Solenoid Valve ကရော ..
Turbo In-Out Balancing Sequence ကရော ..
ဒါတွေကို ထည့်သွင်းစဉ်းစားရပါမယ် ..
နောက်တနည်းက Professional အဆင့်အနေနဲ့
ဖြစ်ရတဲ့ အကြောင်းရင်း Root Cause ကိုရှာပြီးရှင်းမလား ..
ဘာကြောင့် ခနခနဖြစ်ရသလဲ ..
(၁) Exhaust Sensor က Dual Function ဖြစ်နေတာကအကြောင်းရင်းတစ်ခု ..
(၂) E-G-R Regen cycle မဖြစ်တာကအကြောင်းရင်းတစ်ခု ..
(၃) Exhaust Back Pressure နဲ့ Exhaust Temperature Sensor ..
Coolant Temp-Engine Temp-Exhaust Temp ..
အချိုးဆမျှဖို့က အကြောင်းရင်းတစ်ခု ..
(၄) Firing Sequence အတွက် Pusher / Rocker တွေက အကြောင်းရင်းတစ်ခု ..
ဒီ အကြာင်းအရာ ၄ခု ကို ECU File ထဲမှာ ရှာပြီး ..
စံသတ်မှတ်ထားတဲ့ နှုန်းဖြစ်တဲ့ Parameter Value ကို အလိုက်သင့်ပြောင်းပေးလိုက်ရင် ..
မြန်မာမော်တော်ရဲ့ ဗောက်ဆောတစ်မျိုးတည်းပြင်ဆင်ခဲ့တဲ့ ၅နှစ်တာအတွေ့အကြုံအရတော့ ..
ဘယ်တော့ မှ EGR / DPF မပိတ်တော့ပါ …
အဆွဲရုန်း ဘယ်တော့မှ မထိခိုက်တော့ပါ ...
Speed and Power are at your Toe ...
ဒီတော့ .. နီးစပ်ရာ ပြုပြင်ရေးဆိုင်တွေမှာ မိမိတို့နှစ်သက်သလို နည်းနဲ့ဖြေရှင်းနိုင်ကြဖို့ပါလို့ …
ဒါမှမဟုတ် တော်ရုံကိစ္စဖြစ်လာခဲ့ရင် ဘယ်မှာပဲပြင်ပြင် အကြံတောင်းခံစရာအကြောင်းရှိခဲ့ရင်တော့ …
ကိုရစ်ကီကျော် - 09-78 555 9119
ကိုမင်းနိုင် - 09-79 555 9119
ကိုကျော်ကျော် - 09-77 555 9119
ရင်နဲ့ရင်းတဲ့
မြန်မာမော်တော်
Vauxhall Service Centre
(၅၈လမ်း ၊ မင်္ဂလာ-ရတနာကြား၊ စက်မှု့၊ မန္တလေးရွှေမြို့တော်)
Comments