top of page
Search

MAN EURO 6 AdBlue ဖြေရှင်းနည်း - ၂

MAN TGX EURO 6 AdBlue module / Denox system By-Pass Service (AdBlue ဖြေရှင်းနည်း - ၂) ပြသနာဇစ်မြစ်က ထည့်သုံးတဲ့ လောင်စာဆီဟာ အင်ဂျင်ထဲမှာ ရာနှုန်းပြည့်မလောင်ကျွမ်း နိုင်ပဲ၊ လိုတာထက်ပိုနေတဲ့ မီးခိုးအဖြစ် အိပ်ဇော ကပြန်ထွက်လာလို့ ပြသနာဖြစ်တာပဲဖြစ် တယ်။ လောင်စာဆီဖော်မြူလာ ကိုမပြင်နိုင်တော့ ကိုယ့်ကားရဲ့စနစ်ကိုပြင်ရပါမယ်။ နားလည်လွယ်အောင် တိုတိုရှင်းရှင်းပြောရရင် Adblue system မှ DATA Signal လိုအပ်ချက်တွေ အားလုံးကို ဘယ်ဆင်ဆာမှမဖြုတ်ပဲ (ကင်လိုက်) (By-Pass) လုပ်လိုက် တာပဲဖြစ်ပါတယ်။ Adblue ကြော်/ကျော်တယ်ဆိုတဲ့ အသုံးနှုန်းအစား ကျွန်တော့်အနေနဲ့ Adblue ကင်လိုက်တယ်လို့ခေါ်ဆိုပါတယ်။ AdBlue Pump Module ကို Complete Shut Down လုပ်လိုက်ပါမယ်။ NOx Up Stream Sensor + NOx Down Stream Sensor + DPF Temperature Sensor + DPF Pressure Sensor + CAN LOW + CAN HIGH စုစုပေါင်း ၆လိုင်းကို ကူးပြီး ကင်လိုက်ပါမယ်။ နောက်ဆုံးအဆင့် Exhaust Muffler နဲ့ DPF ကို Pressure Release ကောင်းအောင် Modify လုပ်လိုက်ရင်တော့ Engine ချက်မီး၊ Exhaust ချက်မီး၊ AdBlue ချက်မီး လုံးဝ ဖြစ်နိုင်ချေမရှိတော့ပဲ လက်ရှိ AdBlue ပြသနာဟာ အခက်ခဲ တစုံတရာမရှိပဲ ရေခဲဖြစ်သွား ပါလိမ့်မယ်။ ဘယ်လောက် ကုန်ကျစရိတ်ရှိလဲမေးပါလိမ့်မယ်။ ဖြေရှင်းနည်း -၂- AdBlue System ကို ကင်မယ်ဆိုရင် ကြာချိန်ကတော့ ၂နာရီပါ။ မြန်မာမော်တော် ကျွန်တော့်အဖွဲ့ လွှတ်ပေးရမယ့်အတွက် ၇သိန်းပါ။ ကျွန်တော့်ကို ကိုယ်တိုင် လိုက်ပါဆောင်ရွက်စေချင်ကြရင်တော့ ၇သိန်း + Gold Label ၁လုံးပါလို့။ မြန်မာမော်တော် ကိုရစ်ကီကျော် ယူရိုကားကြီး ဆားဗစ် နှင့် မူရင်းထုတ် အပိုပစ္စည်းများ 09-77 555 9119 #European trucks Service and Spare Parts #Scania P-R-G Series #Volvo FH-FM-FM4-FMX #Renault Premium DXi #Nissan GH11 GH13 #UD Quester #MAN TGS-TGA-TGX #DAF CF85 XF95 XF105 #Mercedes Axor Actros Titan MP2 MP3 #Fuso TV400



13 views0 comments
bottom of page