top of page
Search

MAN EURO6 AdBlue ဖြေရှင်းနည်း - ၁

MAN TGX EURO 6 AdBlue Pump Module / MAN Denox system calibration Service

(AdBlue ဖြေရှင်းနည်း - ၁) EURO 6 မှာတော့ Scania/Volvo/MAN အကုန် AdBlue Error ဖြစ်နေကြပါပဲ။ AdBlue အရည် ကွာလတီအပြောင်းလဲကြောင့် ပိုက်လိုင်းထဲမှာ AdBlue Stain ဂျိုးတွေ ခဲပြီးပိတ်နေ တော့ Auto Regeneration လို့ခေါ်တဲ့ ကျောက်ဇကာကို အော်တိုဆေးပေးတဲ့စနစ် အလုပ် မလုပ် တော့တာပါပဲ။ ဒက်ရှ်ဘုတ်ပေါ်မှာ ကိုယ့်ဘာကို ဆေးနိုင်တဲ့ ခလုတ် Manual Regeneration switch ကလည်း AdBlue pump pressure 3 Bar ထိတက်မလာတော့ သူလဲ အလုပ် လုပ်မပေးနိုင်တော့ပါ။ အဲဒီ့တော့ … အင်ဂျင် Derate ဖြစ်ပြီး အဆွဲရုန်းအီနေပါမယ်။ လီဘာဖြတ်ချထားတာကို ထပ်ပိုနင်းတော့ ဆီပိုစားပြီး ကားကမသွား။ ၂ဆင့်တာဘိုက လီဘာနင်းသလောက် အလုပ်ပိုပြီး Intercooler High Side / Low Side တွေပေါက် Coolant တွေခမ်း။ ရေထည့်သုံးတဲ့ကားတွေတော့လွမ်း။ ပန့်ပြသနာလိုလို နော်ဇယ်ပြသနာလိုလိုဖြစ်။ ဂီယာချိန်းတာနောက်ကျတော့ ကလပ်ပလိပ်ကုန်တာမြန်။ အုံနာတွေကကော၊ ယာဉ်မောင်းတွေကလော၊ စက်ပြင်တွေကမော။ ဒီ ကော/လော/မော ကိစ္စဖြေရှင်းဖို့ (၂) နည်းရှိမယ်။ (ဖြေရှင်းနည်း - ၁ PROFESSIONAL WAY ) Adblue Pump System Module ကို Low Dose / Normal Dose / High Dose ၃မျိုး ၃ကြိမ် calibration လုပ်ပေးရပါမယ်။ Exhaust Silencer ကျောက်ဇကာ အိုးထဲက AdBlue နော်ဇယ်ကို ဖြုတ်ဆေးရပါမယ်။ Nox Up Stream Sensor Probe / Nox Down Stream Sensor Probe တွေကို re-initiate လုပ်ပေးရပါမယ်။ Learn လုပ်ပေး စရာမလိုပါ။ ပြီးမှ Exhaust Temperature Sensor Probe ကိုစစ်၊ Exhaust Pressure Sensor Probe ကိုစစ်၊ DPF ကျောက်ဇကာ မှာ ပိတ်နေမယ့်ဂျိုး Soot level % ကို Formula အတိုင်း reset ချပေးရပါမယ်။ နောက်ဆုံးမှာတော့ AdBlue DTC Error Code ကြောင့် Engine DeRate ဖြစ်နေတာကို MIL reset ချပေးပြီး Emission Error Counter ကို delete လုပ်လိုက်ရင် အေးဆေးဖြစ်သွားပါလိမ့်မယ်။ အဲ့တာလုပ်ရင်ဘယ်လောက်ခံမလဲဆိုတာမေးချင်နေကြပါလိမ့်မယ်။ ပြောရခက်ပါတယ်။ ကိုယ်ထည့်သုံးတဲ့ ဒီဇယ်၊ သုံးတဲ့ အင်ဂျင်ဝိုင်၊ သုံးတဲ့ Adblue ပေါ်မူတည်ပြီး ဒီပြသနာ ခနခနပြန်ဖြစ်နေမှာပါပဲ။ တကယ်သုံးရမယ့် ဒီဇယ်က (100% Unleaded Diesel) တကယ်သုံးရမယ့် အင်ဂျင်ဝိုင်က (MAN 3677 Standard 5W-30) တကယ်သုံးရမယ့် Adblue က EEV class EURO 6 Standard ကျွန်တော်တို့နဲ့ နီးစပ်ရာမှာ အခုလို သတ်သတ်မှတ်မှတ် အရည်သွေးရှိတဲ့ ပစ္စည်းဘယ်လိုမှ မရနိုင်သေးပါ။ ဘယ်လောက်ကုန်ကျစရိတ်ရှိလဲမေးပါလိမ့်မယ်။ ဖြေရှင်းနည်း -၁- PROFESSIONAL SERVICE အတွက် မြန်မာမော်တော် ကျွန်တော့်အဖွဲ့ လွှတ်ပေးရမယ်ဆိုရင် ၁သိန်းခွဲပါ။ ကျွန်တော့်ကို ကိုယ်တိုင် လိုက်ပါဆောင်ရွက်စေချင်ကြ ရင်တော့ ၁သိန်းခွဲ + Gold Label ၁လုံးပါလို့။ မြန်မာမော်တော် ကိုရစ်ကီကျော် ယူရိုကားကြီး ဆားဗစ် နှင့် မူရင်းထုတ် အပိုပစ္စည်းများ 09-77 555 9119 #European trucks Service and Spare Parts #Scania P-R-G Series #Volvo FH-FM-FM4-FMX #Renault Premium DXi #Nissan GH11 GH13 #UD Quester #MAN TGS-TGA-TGX #DAF CF85 XF95 XF105 #Mercedes Axor Actros Titan MP2 MP3 #Fuso TV400



19 views0 comments
bottom of page