top of page
Search

MAN TGX EURO 6 Periodic Maintenance PM Services

မြဝတီဘက်မှ တခုတ်တရလာစစ်ခိုင်းတဲ့ ကားကြီး ကိုစစ်ပေးဖြစ်တယ်။ Road Side MAN EURO 6 Service Day ပါပဲ။ ကား ၅စီးစာ ပစ္စည်းစုံတင်ပြီး ရန်ကုန် အရပ်လေးမျက်နှာ မိုးဖွဲဖွဲထဲမှာ ပတ်ရတာပေါ့လေ။ ကားဆရာတွေကလည်း သူတို့နဲ့ စိမ်းနေသေးတဲ့ Euro 6 ဆိုတော့ ကျွန်တော့်ကို မေးချင်တာတွေ အားပါးတရမေးချင် ပြောချင် ဆိုချင်နေကြပေမယ့် အချင်းချင်း Social Distancing မူအရ ၆ပေအကွာမှာ ပဲနေပေးပါရန်နဲ့ အလုပ်လုပ်နေတုန်း အနားမှာ လာမနေဖို့ရာ အားနာစွာနဲ့ တောင်ပန်ရပါတယ်။ ဘာအင်ဂျင်ဝိုင်လဲ ရမလဲ၊ ဘယ်လိုလဲရသလဲ၊ ဘယ်လောက်လဲရသလဲ၊ ဟိုစာ ဒီမီး ဟိုခလုတ် ဒီခလုပ် သိထားသင့်တဲ့ အထွေထွေအချက်လက်တွေ ဆောင်ရန် ရှောင်ရန် တွေပေါ့လေ။ အုံနာကြီး တွေကလဲ မင်းတို့သိချင်တာ အဲ့မှာတခါထဲမေးခဲ့ကြဆိုပဲ။ ဖြေပေးပါ့မယ်ဗျာ သိချင်တာလဲ ကျွန်တော် လေ့လာမှတ်သားထားသလောက် ပြောပြပေး လိုက်ပါ့မယ်၊ Hot line သီးသန့်နံပတ်လည်း ပေးထားခဲ့ပါတယ် အုံနာကြီး တို့ခင်ဗျ။ Full Package Periodic Maintenance Package အဖြစ် 15W-40 (CK-4) EURO6 SCR Grade Mobil – 40 Li 80W-90 Gear Oil – 20 Li 85W-140 Transmission Oil-20 Li Oil Filter + Fuel Filter + Water separator filter + Air Dryer Filter လဲ Air Cleaner + Air Con Filter + Coolant Filter စစ် / သန့်ရှင်း Engine ECU ပိုင်းက Oil Pressure / Fuel Rail pressure / Rail controller parameters / Coolant temperature / Injection parameters / Engine Mileage ရောက်ရှိကီလိုအမှန် နှင့် အင်ဂျင် အသုံးပြုထားတဲ့နာရီပေါင်း Engine Operating Hour / EDC Operating Hour from Engine စတာတွေကို စစ်ဆေးပြီး Standard Operating Procedure စံနှုန်းထား များအတိုင်းရှိ မရှိကို မှတ်တမ်းတင်။ Operating Hour 17000 ကျော်ရင်တော့ စိုးရိမ်မှတ်ပေါ့လေ။ 17000 hr အောက်ဆိုရင် တော့ကျန်တာတွေ ဆက်စစ်ရတာပေါ့။ Gearbox ပိုင်းက Clutch Plate အထူ/အပါး ကျန်ရှိမှုအခြေနေ၊ ကလပ်ဘော အခြေနေ၊ ကလပ်ဆာဗို အခြေအနေ၊ ဂီယာပိုင်းကို လေပို့တဲ့ Air Pressure အခြေနေ စတာတွေကို စစ်ဆေးပြီး Standard Operating Procedure စံနှုန်းထား များအတိုင်းရှိ မရှိကို မှတ်တမ်းတင်။ ရုပ်ဘွတ် / ရုပ်လေအိတ် / နောက်တန်းလေအိတ် / Leveling Module Sensor တွေ အခြေနေ / လေအိတ်များအားလုံး လေပို့စနစ် အခြေနေ / ကရောင်းအခြေနေ / နှစ်ဘက်ယက်တန်း Differential Lock အခြေနေ စတာတွေကို စစ်ဆေးပြီး Standard Operating Procedure စံနှုန်းထား များအတိုင်းရှိ မရှိကို မှတ်တမ်းတင်။ အိပ်ဇောပိုင်းမှ Adblue Module / pump / 7th Nozzle / DENOX စနစ် ကို Reset ချပြီး Emission DTC MIL စနစ်ကို Calibration လုပ် Standard Operating Procedure စံနှုန်းထား များအတိုင်းရှိ မရှိကို မှတ်တမ်းတင်။ Adblue Error တက်နေပြီးမို့ SCR Up Stream / Down Stream / NOX System / DPF Regeneration စတာတွေကို စစ်ဆေးပြီး Standard Operating Procedure စံနှုန်းထား များအတိုင်းရှိ မရှိကို မှတ်တမ်းတင်။ အခြေနေဆိုရင် တခါတည်း Bypass လုပ်ခဲ့လို့ရအောင်ပါ။ Brake စနစ် အတွက် Brake Pad / Brake valve / Trailer valve / ABS Sensor စတာတွေစစ်၊ EBS / ESP System Service Warning reset ချ Calibration လုပ်ပြီး Standard Operating Procedure စံနှုန်းထား များအတိုင်းရှိ မရှိကို မှတ်တမ်းတင်။ ဒီလောက်ဆို MAN EURO 6 ၁စီးအတွက် လုံလောက်စွာ စစ်ဆေးပြီးလို့ နောက်ထပ် ကီလို ၁၅၀၀၀၀ ခရီးနှင်ရန်အသင့်ဖြစ်ပါပြီ။ ဘေးကင်းလုံ ခြုံစွာဖြင့် ပြန်လည်ဆုံတွေ့ကြပါစို့လေ။ မြန်မာမော်တော် ကိုရစ်ကီကျော် ယူရိုကားကြီး ဆားဗစ် နှင့် မူရင်းထုတ် အပိုပစ္စည်းများ 09-77 555 9119 #European trucks Service and Spare Parts #Scania P-R-G Series #Volvo FH-FM-FM4-FMX #Renault Premium DXi #Nissan GH11 GH13 #UD Quester #MAN TGS-TGA-TGX #DAF CF85 XF95 XF105 #Mercedes Axor Actros Titan MP2 MP3 #Fuso TV400



17 views0 comments
bottom of page