top of page
Search

Renault Error Code ကိုယ်တိုင်စစ်ရန်

Updated: Oct 12, 2019

ကြင်နာတတ်သော Renault တွဲခေါင်းမောင်းတဲ့ အတော်ဆုံးကား ဆရာတို့ရေ …

ကိုယ်မောင်းနေတဲ့ကားမှာ အရေးကြီး Control Unit လို့ခေါ်တဲ့ ဘောက်တွေကို သိထားသင့်ပါတယ် …

-လေလိုင်းပိုင်းကို APM လို့သိထားရမယ်...

-ဘရိတ်ပိုင်းကို EBS လို့သိထားရမယ်..

-အင်ဂျင်ပိုင်းကို EMS / EDC လို့သိထားရမယ်..

-ဂီယာပိုင်းကို GMS / GECU / TECU လို့သိထားရမယ်..

-လေအိတ်ပိုင်းကို ECAS / ECS လို့သိထားရမယ်..

-ဘောက်အားလုံးအချုပ် ဝိုင်ယာရင်းပိုင်းကို တော့..

Scania ဆို COO လို့ခေါ်မယ်..

Volvo / Renault ဆို VECU လို့ခေါ်မယ်..

MAN ဆို FFR / PTM လို့ခေါ်မယ်..

DAF ဆို VIC လို့ခေါ်မယ်..


ဒီတပတ်တော့ အတော်ဆုံး Renault ကားဆရာတို့အတွက် လမ်းမှာ အခက်ကြုံနေရင် အကူညီတခုအနေနဲ့ ဖြစ်ရအောင် ဒီလိုလေး လေ့လာထားစေချင်ပါတယ် … ကျန်ကားတွေအတွက်လည်း ရေးပေးပါ့မယ်..

ဥပမာ …

ဒိုင်ခွက်မှာ D ပေါ်နေတယ် ဂီယာဝင်ပြီး ကားကမထွက်ဘူး ..

လေပေါင်က အပြည့်တက်တယ် ပါကင်မီးက မပျောက်ဘူး ..

အင်ဂျင်က နင်းရင်နင်းသလောက် မတက်ဘူး ..

ဘရိတ်က မာရှောဖြစ်နေမယ် .. စသည် ..

ဒါဆိုရင် ဒီစနစ်တွေကို ထိန်းချုပ်တဲ့ဘောက်တွေမှာ ဘာများအမှားရှိနေလဲလို့ အကြမ်းအားဖြင့် ဒိုင်ခွက်ထဲမှာတင် စစ်ကြည့်လို့ရပါတယ် …

ပေါ်လာတဲ့ Error Code ကို နားလည်သူတွေထံ ဓါတ်ပုံရိုက်ပို့လိုက်ရင် ဘယ် Error Code ကဖြင့် ဆက်မောင်းလို့ရနိုင်တယ် … ဘယ် Error Code ကဖြင့် ဆက်မမောင်းသင့်ဘူးဆိုတာကို နားလည်သူများက အကြံပေးနိုင်ကြပါမယ်။

Renault DXI450/460 မှာဆိုရင်တော့ …

(၁) ညာဘက် စီယာတိုင်အောက်က Menu/ok လို့ ရေးထားတဲ့ ခလုတ်လေးကို အပေါ်ဆွဲပြီးနှိပ်ရင် ဒီကားမှာ ပါတဲ့ စနစ်တွေရှိရာကို ဖော်ပြပေးပါလိမ့်မယ်။ ဒီခလုတ်ဖျားလေးမှာပဲ ok ဆိုတာတွဲရက်က ကိုယ်ရွေးချယ်ချင်တာကို အပေါ်ဆွဲနှိပ်ရင် ဝင်သွားပါလိမ့်မယ်။

(၂) ခလုတ်လေးရဲ့အောက်မှာကပ်ရပ်ကတော့ အပေါ်အောက်ရွှေ့တဲ့ ခလုတ်အဝိုင်းလေးရှိပါမယ်။ သူကတော့ လိုချင်တဲ့နေရာရောက်အောင်ရွှေ့ပေးတဲ့သဘောပါ။

(၃) Exit ဆိုတဲ့ ခလုတ်လေးကတော့ ထွက်တဲ့ခလုတ်ပါ။ မလိုချင်ရင်နှိပ်ပြီး ထွက်ရုံပါ။

ကိုယ်တိုင်စလုပ်ကြည့်မယ်ဆိုရင်

နံပတ်(၁) Menu ကိုနှိပ်ပါ

နံပတ်(၂) ခလုတ်ဝိုင်းနဲ့ အောက်ဘက်နားက နံပတ် (၄) Experts ထိရောက်အောင်အောက်ရွှေ့ပြီး ok ခလုတ်နဲ့ဝင်ပါ။

ပြီးရင် နံပတ် (၅) Diagnostics ကိုထပ်ဝင်ပါ။

ပြီးရင် နံပတ် (၆) Present Defects ကိုထပ်ဝင်လိုက်ရင်တော့ဖြင့် ကိုယ့်ကားဘာဖြစ်နေတယ်ဆိုတဲ့ အခြေနေကို အကြမ်းအားဖြင့် ပြနေတဲ့ Error Message ကုတ်နံပတ်လေးတွေကို ဖုန်းနဲ့ ရိုက်ပြီး နားလည်သူတွေဆီပို့ပေးလိုက်ရင် အကြံပေးနိုင်ကြပါလိမ့်မယ်။

နံပတ် (ရ) APM လေလိုင်းဆိုင်ရာ

နံပတ် (၈) EBS ဘရိတ်လိုင်းဆိုင်ရာ

နံပတ် (၉) ECS လေအိတ်ပိုင်းဆိုင်ရာ

နံပတ် (၁၀) EMS အင်ဂျင်ပိုင်းဆိုင်ရာ

နံပတ် (၁၁) TECU ဂီယာဘောက်ပိုင်းဆိုင်ရာ

နံပတ် (၁၂) VECU ဘောက်အားလုံးအချုပ် ဝိုင်ယာရင်းပိုင်းဆိုင်ရာ

နံပတ်(၁၃) GECU ဂီယာထိုးတဲ့ ခလုတ် ပိုင်းဆိုင်ရာ

ဒီလောက်သိထားရင် မသိထားသူထက် ဆရာကျတဲ့ ကြင်နာတတ်သော ယာဉ်မောင်းဖြစ်နိုင်ပါပြီလေ …


(ရင်နှင့်ရင်းတဲ့)

မြန်မာမော်တော်

Europe Trucks Service Centre

(၅၈လမ်း ၊ မင်္ဂလာ-ရတနာကြား၊ စက်မှု့၊ မန္တလေးရွှေမြို့တော်)

ကိုရစ်ကီကျော်

၀၉-၇၈ ၅၅၅၉၁၁၉


10 views0 comments
bottom of page