ပုံမှန်အားဖြင့်တော့ Volvo ကားများဟာ ထွေထူးဖောက်တတ်တဲ့ အကျင့်မရှိတတ်ကြပဲ ပုံမှန်စစ်ဆေး ပုံမှန်ထိန်းသိမ်းမှုလုပ်ရုံ နဲ့ လုံလောက်တတ်ကြပါတယ်။ ဖြစ်တော့မယ်ဆိုရင်လည်း ကြိုတင်ပြတတ်တဲ့ လက္ခဏာတွေ ရှိတတ်လို့ မဖြစ်ခင်ကာကွယ် နိုင်ကြပါတယ်..
2009-2012 Volvo Euro4-5 ကားမှာ ဖြစ်တဲ့ ဖြစ်စဉ်ကို ယာဉ်မောင်းဆီက မေးကြည့်တဲ့ အခါမှာ သူ့အနေနဲ့ အတတ်နိုင်ဆုံး စိတ်ဝင်တစား မှတ်သားထားတာတွေ့ရတယ်။
ပြန်ပြောပြတာကိုနားထောင်ကြည့် တဲ့အခါမှာ ဖြစ်ပုံအဆင့်ဆင့်ကို သေချာပြောပြနိုင်တယ်..
ဘာတွေလုပ်ထားသလဲမေးတော့ ဆေးမီးတိုနဲ့အလွယ် ဖြေရှင်းခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ပုံကိုပြောပြပြီးတော့ သင့်တော်၏ မသင့်၏ မေးသွား တာကိုလည်းသဘောကျမိသလို သိမေးသမျှဖြေပေးဖို့ကိုလည်း
ဝန်မလေးမိပြန်ဘူး..
(၁) အင်ဂျင်က စက်နိုးထားရင် ပုံမှန်ဖြစ်နေပေမယ့် တွဲနဲ့သွားတဲ့အခါမှာ ကီလို ၆၀လောက်နဲ့နင်းရင် RPM အလိုလိုကျသွားလေ့ရှိတယ်။ စက်သတ်ပြီးပြန်နိုးရင် ပုံမှန်ပြန်ဖြစ်သွားပြန်ရော။ အတက်တွေမှာဆို လီဘာနင်းမရပြန်ဘူး။ အင်ဂျင်ပူလာရင် လီဘာဖြတ်ချထားသလိုဖြစ်တယ်။ ဆီလေခိုနေသလိုလို ဖစ်တာပိတ်သလိုလို ဆီငတ်သလိုလိုဖြစ်ပြီး အင်ဂျင်က ခါနေတတ်တယ်။
Engine Injection ပိုင်းက Fuel/Temp/Air/Turbo အရေးကြီးဆင်ဆာ ၄လုံးကို စစ်တယ်၊
Engine Compression ပိုင်းက Rail/Crank/Speed/Oil အရေးကြီးဆင်ဆာ ၄လုံးကို စစ်တယ်၊
Engine Exhaust ပိုင်းက Emission/Temp/VCB/EPG အရေးကြီးဆင်ဆာ ၄လုံးကို စစ်တယ်၊
Adblue ကျော်ထားတဲ့စနစ်က စဖောက်နေလို့ အင်ဂျင်ရုန်းအား ကျနေပြီး Torqe Reduction ဖြစ်နေချိန်မှာ ဂီယာ output pulse Sensor ကို တာခိုက မဖတ်နိုင်တော့.. ဒီတော့ လီဘာဆင်ဆာကို RPM 1100 ကျော်ရင် ဖြတ်ချပြီ.. စက်ရပ်သော့ပိတ်ပြီး ပြန်ဖွင့်တဲ့အခါမှာ Driving Cycle နောက်တကြိမ်အဖြစ် ရေအပူချိန် ၇၀ မှ ၈၉ ဒီဂရီကျော်ပြီးမှသာ လီဘာဆင်ဆာ ကိုထပ်ဖြတ်ချပါလိမ့်မယ်..
အင်ဂျင်အပေါ်ဖုံးအတွင်း က Volvo Compression Brake VCB
ဝိုင်ယာတွေက အပူချိန်ကြောင့် ကျွတ်ဆတ်ပြီး ရံဖန်ရံခါရှော့ဖြစ် တဲ့အခါမှာ Rocker Arm တွေရဲ့ Injection Sequence Timming လွဲတတ်ပြီး Exhaust Valve အဖွင့်ပိတ်ပါလွဲတတ်တဲ့အတွက် Engine compression ကျပြီး အင်ဂျင်ခါနေတတ်တာပါ.. VCB တခုခုလွဲရင် အိပ်ဇောဘရိတ်လို့ခေါ်တဲ့ EPG ပါ တွဲရက်အလုပ်မလုပ်တော့ပါဘူး..
အရင်ဆုံး ပြသနာရဲ့ မူလ အရင်းမြစ်ဖြစ်တဲ့ Emission Error ကိုရှင်းတဲ့အနေနဲ့ Adblue ကို အင်ဂျင်စနစ်ထဲကနေ ဖြုတ်လိုက်ပါမယ်။ အင်ဂျင်ရုန်းအား ကျနေပြီး Torqe Reduction ဖြစ်နေတာမရှိတော့မှ ဂီယာဆင်ဆာနဲ့တွဲထားတဲ့ တာခိုဂရပ်ကို အင်ဂျင်စနစ်ထဲကနေ ထပ်ပြီး ဖြုတ်လိုက်ပါမယ်။ Compression Brake wiring ကိုအသေးစိပ်လိုက်ပြီးတဲ့အခါ ဒီပြသနာပြေလည်ပါပြီ..
(၂) ဘရိတ်က ပုံမှန်ဖြစ်ရုံဆိုနိုင်ပေမယ့် အမိနည်းတယ် အဆင်းတွေမှာ တွဲဘရိတ်ကမမိသလောက် ဖြစ်ဖြစ်နေတယ်။ အင်ဂျင် ဘရိတ် အိပ်ဇေဘရိတ် ကလည်းသုံးလို့မရပြန်ဘူး။ ဒီမတိုင်ခင်က ဘရိတ်ဘောက်မကောင်းလို့ လဲထားရသေးတယ်။ ဒါလည်း ပုံမှန်မဖြစ်သေးဘူး။
အိပ်ဇောဘရိတ်က အင်ဂျင်နဲ့တွဲထားတဲ့ VCB ကိုပြင်ထားပြီးဖြစ်လို့ သုံးလို့ရပါပြီ..၊ ပိုသေချာအောင် Brake Modulator ဘရိတ်ဘားတွေအားလုံးကို ဆေးကြောစစ်ဆေး၊ ဘရိတ်အုံတစ်ခုလုံးကို ဖြုတ်ချပြီး အသေးစိပ် ဆေးကြောစစ်ဆေး၊ ဘရိတ်ချန်ဘာအုံတွေ ဆေးကြောစစ်ဆေး၊ နံပတ်တူ EBS control unit လဲထားပေမယ့် Program ပြန်မရေးထားလို့ ၄၀% လောက်သာအလုပ်လုပ်နေတာဖြစ်လို့ Program ပြန်ရေးပြီးချိန်မှာတော့ ပုံမှန်အတိုင်းဖြစ်ပြီမို့ ဘရိတ် ပြသနာပြေလည်ပါပြီ..
(၃) ဂီယာချိန်းတာ အရင်ကထက်စာရင် နောက်ကျတယ်။ အရင်တက်ဆင်းသွားနေကြလမ်းတွေမှာ ဂီယာ ၁ချက်လောက်နောက်ကျတယ်။ ၆ နဲ့ ၇ ကြားမှာ အထဲက ခတ်ခံလိုလိုကြားရတယ် အမြဲတော့ထွက်မနေဘူး။
တာခိုဂရပ်ကို အင်ဂျင်စနစ်မှ ဖြုတ်ထားပြီးဖြစ်လို့ ဂီယာချိန်တာ ပုံမှန်ဖြစ်သွားပါလိမ့်မယ်။ ပိုသေချာအောင် ကလပ်ပလိပ် နဲ့ ဖင်းဂါး အကွာဝေး ရယ်၊ ကလပ်ဘော နဲ့ ကလပ်ဆာဗို အနေထားကိုပါ စစ်လိုက်တာပိုသေချာသွားပါတယ်။ လေလိုင်းပိုင်းကို စဆုံး ရှင်းလင်းရေးလုပ် Compressor/Air Dryer တွေ ဖြုတ်စစ် ဆေးကြောပြီး Air Processing System ကို Reset လုပ်ရပါတယ်။ ဂီယာ ၆ နဲ့ ၇ လောက်မှာ ခတ်သံကတော့ Planery Gear ပိုင်းကို စစ်ရင်တော့ အခု ဂီယာပြသနာ ပြေလည်ပါပြီ..
(၄) စက်နိုးရင် သော့မီးလေးပေါ်လာပြီး ချက်ချင်းနိုးမရဘူး၊ သော့ပြန် ဖွင့်ပိတ် ၃ခါလောက်လုပ်မှ ပြန်နိုးတယ်။ အလျင်လိုရင် အဆင်မပြေဘူး။ သော့ကလဲ ၁ချောင်းပဲရှိတော့ မနှုတ်ထားဘူး သော့တန်းလန်းထားပြီး အပိုသော့နဲ့ပဲ တံခါးဖွင့်ပိတ်လုပ်ရတယ်။
သော့ထဲမှာ Immo Chip ပါတဲ့အတွက် သော့အုံရှေ့ ညှို့ကွင်းကနေတဆင့် Immo Control Box ကနေ သော့မှန်မမှန်စစ်ပြီး မှ Start Motor လိုင်းကိုဖွင့်ပေးပါတယ်။ ဖြစ်တတ်တာက Dashboard ထဲမှာ Radio အင်တင်နာကိုထိန်းတဲ့ ဘောက်တလုံးကလည်းရှိတော့ တခါတရံ Key Transmittion Frequency နဲ့ ရောနေရင် ဖြစ်လေ့ဖြစ်ထရှိပါတယ်။ Immo Key ကိုမသုံးချင်ဘူးဆိုရင်တော့ အင်ဂျင်စနစ်ထဲကနေ Immobilizer PASS ကို ဖြုတ်ထားလိုက်လို့ရပါတယ်။ ဒါဆိုရင် ကားတံခါးသော့ဖြစ်ဖြစ် ကီးလိုင်းတူမယ့် ဘာသော့ဖြစ်ဖြစ် စက်နိုးပြီး သုံးလို့ရပါလိမ့်မယ်..
(ရင်နှင့်ရင်းတဲ့)
မြန်မာမော်တော်
Europe Trucks Service Centre
(၅၈လမ်း ၊ မင်္ဂလာ-ရတနာကြား၊ စက်မှု့၊ မန္တလေးရွှေမြို့တော်)
ကိုရစ်ကီကျော်
၀၉-၇၈ ၅၅၅၉၁၁၉
コメント