top of page
Search

Updated: Oct 12, 2019

ကြင်နာတတ်သော Volvo Europe တွဲခေါင်းမောင်းတဲ့ အတော်ဆုံးကားဆရာတို့ရေ …

ကိုယ်မောင်းနေတဲ့ Volvo ကားမှာ အရေးကြီး Control Unit လို့ခေါ်တဲ့ ဘောက်တွေကို ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာ အကြမ်းအားဖြင့် အဖြစ်များတဲ့ဘောက်အနေနဲ့ သိထားသင့်ပါတယ် …


အခြားဘောက်တွေကတော့ ဖြစ်တောင့်ဖြစ်ခဲမို့ ကိုယ်တွေ ကိစ္စသာထားလိုက်ပါ .. Renault ကားနဲ့ ၆၀% ဆင်တူပါတယ်..


-အင်ဂျင်ဘောက်ကို Engine ECU (ကုတ်နံပတ်အားဖြင့် MID-128) လို့ခေါ်ပြီး အင်ဂျင်ဘေးကပ်ရပ်မှာရှိပါတယ်


-ဘရိတ်ဘောက်ကို Brake ECU (ကုတ်နံပတ်အားဖြင့် MID-136) လို့ခေါ်ပြီး ယာဉ်မောင်းခုံ အနောက်ဘက် မှာရှိပါတယ်


-ဂီယာကိုထိန်းတဲ့ဘောက်ကို Transmission ECU (ကုတ်နံပတ်အားဖြင့် MID-130) လို့ခေါ်ပြီး ဂီယာဘောက် အပေါ်ဖုံးမှာရှိပါတယ်


-အော်တိုကားတွေအတွက် I-Shift အိုင်-ရှစ် ဂီယာရွှေ့တံ ကိုထိန်းတဲ့ဘောက်ကို Gear Selector ECU (ကုတ်နံပတ်အားဖြင့် MID-223) လို့ခေါ်ပြီး ဒတ်ရှ်ဘုတ် အလယ်ခြမ်းက ဖြုခုံ အောက်မှာရှိပါတယ်


-ဘောက်အားလုံးကိုထိန်းချုပ်တဲ့ဘောက်ကို Vehicle ECU (ကုတ်နံပတ်အားဖြင့် MID-144) လို့ခေါ်ပြီး ဒတ်ရှ်ဘုတ် အလယ်ခြမ်းက ဖြုခုံ အောက်မှာရှိပါတယ်


-မီးကြီး မီးသေး ဘေးမီး စတဲ့ မီးပိုင်းဆိုင်ရာတွေထိန်းတဲ့ဘောက်ကို Light Control Module (LCM) (ကုတ်နံပတ်အားဖြင့် MID-216) လို့ခေါ်ပြီး ဒတ်ရှ်ဘုတ် အလယ်ခြမ်းက ဖြုခုံ အောက်မှာရှိပါတယ်


ကုတ်နံပတ်တွေကိုပါတွဲထားလို့ စိတ်မညစ်လိုက်နဲ့ ဘယ်လောက်အကူညီရမလဲဆို ခနနေသိလာပါလိမ့်မယ် … ဒီလောက်သိထားရင် အတော်လေး အထောက်ကူဖြစ်ပါပြီ..

ဒီတရက်ကတော့ အတော်ဆုံး Volvo ကားဆရာတို့အတွက် လမ်းမှာ အခက်ကြုံနေရင် အကူညီတခုအနေနဲ့ ဖြစ်ရအောင် ဒီလိုလေး လေ့လာထားစေချင်ပါတယ် …

ဖော်ပြပါစနစ်တွေကို ထိန်းချုပ်တဲ့ဘောက်တွေမှာ ဘာများအမှားရှိနေလဲလို့ အကြမ်းအားဖြင့် ဒိုင်ခွက်ထဲမှာတင် စစ်ကြည့်လို့ရပါတယ် …

ပေါ်လာတဲ့ Error Code ကို နားလည်သူတွေထံ ဓါတ်ပုံရိုက်ပို့လိုက်ရင် ဘယ် Error Code ကဖြင့် ဆက်မောင်းလို့ရနိုင်တယ် … ဘယ် Error Code ကဖြင့် ဆက်မမောင်းသင့်ဘူးဆိုတာကို နားလည်သူများက အကြံပေးနိုင်ကြပါမယ် ...

စီယာတိုင်ညာဘက်ခြမ်းဘက်က

နံပတ် (၁) ခလုတ်သည် (Menu) ဝင်ရန်၊

နံပတ် (၂) ခလုတ်သည် (Esc) ထွက်ရန်၊

နံပတ် (၃) ခလုတ်သည် အပေါ်/အောက် ရွှေ့ရန်၊

- နံပတ် (၁) ခလုတ် Menu ကို နှိပ်ဝင်ပြီး နံပတ် (၅) Diagnostic အထိကိုရောက်အောင် ရွှေ့ နှိပ်ဝင်လိုက်ပါ

- နံပတ် (၆) Fault Diagnostic သို့ ထပ်နှိပ်ပြီးဝင်ပါ

- နံပတ် (ရ) မှာ စစ်နိုင်တဲ့ စနစ်များစာရင်းကိုတွေ့ပါလိမ့်မယ်

- Engine System ဆိုတာ အင်ဂျင်မှာဖြစ်နေတဲ့အကြောင်းရာများကို အတိုကောက် အသုံးနှုန်း စာသားများနဲ့ရော ကုတ်နံပတ်အနေနှင့်ပါ ဖော်ပြပေးပါတယ်

- Brake System က ဘရိတ်စနစ်မှာ ဖြစ်နေတဲ့အကြောင်း ရာများကိုပြပါတယ်

- Vehicle System က ဆင်ဆာများနဲ့ ဘောက်စနစ်မှာ ဖြစ်နေတဲ့ အကြောင်းရာများကိုပြပါတယ်

- Air Suspension System ကတော့ အောက်ပိုင်းလေအိတ်စနစ်မှ ဖြစ်နေတဲ့ အကြောင်းရာများကို ပြပါတယ်

- အထက်ပါစနစ်များကိုနှိပ်လိုက်ရင် နံပတ် (၈) ပုံလိုအတိုင်း ဖြစ်နေတာတွေကိုစာသားနဲ့ အတိုကောက်ဖော်ပြပါတယ်

- စာသားနဲ့ဖော်ပြချက်တွေကို ထပ်နှိပ်ရင် နံပတ် (၉) ပုံလို ကုတ်နံပတ်တွေနဲ့ ဖြစ်ခဲ့တဲ့ အချိန်ကို အတိုကောက်ဖော်ပြပါတယ်

- ဒါလေးတွေကို နားလည်သူထံ ပုံရိုက်ပို့လိုက်ရင် လက်ရှိဖြစ်နေတာတွေကို အနီးစပ်ဆုံးခန့်မှန်းတွက်ဆ အကြံပေးနိုင်ပါလိမ့်မယ် …


(ရင်နှင့်ရင်းတဲ့)

မြန်မာမော်တော်

Europe Trucks Service Centre

(၅၈လမ်း ၊ မင်္ဂလာ-ရတနာကြား၊ စက်မှု့၊ မန္တလေးရွှေမြို့တော်)

ကိုရစ်ကီကျော်

၀၉-၇၈ ၅၅၅၉၁၁၉


118 views0 comments
bottom of page