top of page
Search

Volvo နဲ့ အက်ဘလူး ပြသနာ...

Updated: Oct 12, 2019

Volvo / Renault ကားကြီးတွေမှာ Adblue ကို ယခုထိတိုင် အသုံးပြုနေပြီး မူရင်း Original System ကိုနှစ်သက်သူ အုံနာများကိုလေးစားမိပါတယ်။ အရေးကြီး စနစ်တစ်ခုအဖြစ် သဘောပေါက်နားလည် ထားတဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်ကို ထည့်သွင်းတွက်ချက်နိုင်တဲ့ အမြော်မြင်ရှိမှုကိုလည်း လေးစားပါတယ်။ အဲ့ဒီ့အတွက်ကြောင့် သူတို့ကားတွေမှာ Engine Error မရှိ၊ Nox Emission Error မရှိပဲ မူလအင်ဂျင်စွမ်းအားကို အပြည့်အ၀ အသုံးချနိုင်ကြပါတယ်။ အင်ဂျင်စနစ် ကောင်းမွန်မှန်ကန် တဲ့အတွက် အင်ဂျင်သက်တမ်းကို ထောက်ပံ့ပေးနိုင်သလို ဂီယာစနစ်ကိုလည်း မှန်ကန်ကောင်းမွန်စေနိုင်တာ လက်တွေ့သိရှိ ကြပြီးဖြစ်ပါတယ်။


Adblue အရည်ဝယ်သုံးနေရလို့ ပိုလာတဲ့ကုန်ကျစရိတ် မှာ အင်ဂျင်အစိတ်ပိုင်းပျက်စီးလို့ ပြင်ဆင်ရမယ့်ကုန်ကျစရိတ်ထက် အဆပေါင်းများစွာ သက်သာစေပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်ဝယ်ယူ သုံးစွဲနေတဲ့ Adblue အရည်သွေးကိုတော့ သတိမထားမိကြပါဘူး။


Europe မှာ အက်ဘလူး (Adblue) လို့ခေါ်ကြပြီး၊ US မှာတော့ ဒပ်ဖ် (DEF – Diesel Exhaust Fluid) လို့ခေါ်ကြတယ်။ Adblue ကို အထူးထုတ်ရေ (de-ionised water) ၆၇.၅% နဲ့ ယူရီးယားဓါတ် ၃၂.၅% ကို အချိုးကျပေါင်းစပ်ထားရပါတယ်။ ဒါမှလည်း အင်ဂျင်က ထွက်လာတဲ့ အဆိပ်ငွေ့ NOx နိုင်ထရိုဂျင်ဒိုင်အောက်ဆိုဒ် မှ အန္တရာယ်မဖြစ်နိုင်တဲ့ နိုက်ထရိုဂျင်ဓါတ်ငွေ့ N2 နဲ့ ရေငွေ့ H2O အဖြစ် SCR ကျောက်ဇကာအတွင်းမှာ အင်ဂျင်ကထုတ်တဲ့ အပူချိန် ကိုအသုံးပြုပြီးပြောင်း လဲထုတ်လွှတ်ပေး ပါတယ်။


လက်ရှိဈေးကွက်အတွင်းမှာ ရနိုင်တဲ့ Adblue အရည်ရဲ့ ကွာလတီကို ဘယ်လိုစစ်ဆေးအတည်ပြု နိုင်ပါသလဲ။


Adblue ကို အပြာရောင် အရည်ဆိုပြီး ယူရီးယားဓါတ် ဆိုတာလောက် ဖတ်ပြီး စိုက်ပျိုးရေးမှာသုံးတဲ့ ယူရီးယား ဓါတ်မြေဩဇာကို မဲနယ်ပြာရေနဲ့ရောပြီး တံဆိပ်ကပ် ပုံထဲထည့်ရောင်းနေကြတာလည်း မြင်ဖူးပါတယ်။


တကယ်တော့ Adblue အရည်ဟာ အရောင်မရှိ (Colourless) ပါ။ အရည်သွေး စံ မပြည့်မီတဲ့ Adblue ကိုသုံးရင်တော့ ဒီလိုစနစ်တ ကျပြောင်းလဲမှုမဖြစ်စေနိုင်ပဲငွေကုန်ရုံသက်သက်သာဖြစ်ပါလိမ့်မယ်။ Adblue Injection System စနစ်ကို ပျက်စီးစေနိုင်ပြီး နောက်ဆက်တွဲ အကျိုးဆက်က ငွေကုန်ကျမှုကိုဖြစ်စေ ပါလိမ့်မယ်။


ဒီတော့ အုံနာရဲ့ အမြော်မြင်အရ Original System ကိုသုံးနေပေမယ့် ငွေကုန်ပြီး ရလာဒ်ကမရှိပါ။


ဒါဆိုရင် Adblue ကိုကျော်လိုက်ရင်ကောလို့မေးကြပါလိမ့်မယ်။ Adblue ကျော်တယ်ဆိုတာ ဆားကစ်ထည့်ထားတဲ့ဘူးလေးတစ်ခုနဲ့ ဝိုင်ယာအချို့ဖောက်ဆက်ပြီးတပ်ဆင်ထားတာပါ။ အဲ့ဘူးထဲကဆားကစ်လေးက အင်ဂျင်စနစ်ကို Adblue ရှိနေကြောင်း နဲ့ အိပ်ဇောလိုင်း အပူချိန်ကိုတသမတ်ထဲထားရှိစေအောင် ညာပေးတာဖြစ်ပါတယ်။ အသုံးပြုတဲ့ ဆားကစ်ဘူးရဲ့ အရည်သွေးအရ NOx Error ကို ဖြေရှင်းနိုင်စွမ်းကွာခြားပါတယ်။ တရုတ်ထုတ်ဘူးအများစုက ၅သောင်းနဲ့တစ်သိန်းကြားရှိတတ်ပြီး လက်ရှိပြသနာကိုဖြေရှင်းနိုင်စွမ်းနိမ့်ပါတယ်။ အရည်သွေးမြင့် ဆားကစ်ဘူးဆိုရင် ၅သိန်းနဲ့ရသိန်းကြားရှိတတ်ပြီး NOx Error ကိုဖြေရှင်းပေးနိုင်ပါတယ်။ သို့သော် ဒီဘူးရဲ့သက်တမ်းကို အာမခံချက်မပေးနိုင်ပါ။ ၁နှစ်မှ၂နှစ်ထိ ခံတတ်ပေမယ့် မိုးများတတ်တဲ့ တို့တိုင်းပြည်မှာတော့ စဉ်းစားစရာပါ။


နောက်တစ်နည်းက Adblue Emulator လို့ခေါ်တဲ့ ဘူးလေးကို အင်ဂျင်ဆော့ကတ် မှာထိုးပြီးဖြေရှင်း နည်းပါ။ ဒီနည်းဟာ အကယ်၍ ကိုယ်ထည့်သုံးနေတဲ့ Adblue ကုန်သွားရင် အစားထိုးတပ် ဆင်အသုံးပြုတဲ့ ရေတိုနည်းလမ်းသာအဖြစ်သာသုံးနိုင်ပါတယ်။


ဖြေရှင်းနိုင်ခြင်း မဖြေရှင်းနိုင်ခြင်းကို ဘာနဲ့တိုင်းတာမလဲဆိုရင်တော့ Professional Diagnostic Scanner များနဲ့စစ်ကြည့်ရင် ကွဲပြားစွာတွေ့နိုင်ပါတယ်။


အသင့်တော်ဆုံးနဲ့ အထိရောက်ဆုံးဖြေရှင်းနည်းကတော့ Adblue ကို စနစ်တကျ ဖြုတ်ချင်တယ်ဆိုရင် ဖြင့် Adblue အတွက်ထည့်သွင်း ထားတဲ့စနစ် (Adblue Module) ကို (Engine Management System) အင်ဂျင်စနစ်များထဲမှ အပြီးတိုင်ထုတ်လိုက်ခြင်းက အခြားစနစ်များထက်ပိုကောင်းပါတယ်။ Adblue System Module သည် အင်ဂျင်စနစ်မှ Disable လုပ်ထားတဲ့အတွက် NOx Error မရှိနိုင်တော့ပါ၊ NOx Error ကြောင့် အင်ဂျင်ရုန်းအား ကျဆင်းနေခြင်းမရှိနိုင်တော့ပါ။ ကုန်ကျစရိတ်က ရသိန်းခန့်ရှိပြီး အင်ဂျင်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးမဖြစ်ပေါ်စေပါဘူး။ ဒီအင်ဂျင်နဲ့ဒီဘောက်သုံးနေသရွေ့ နောက်ထပ်ကုန်စရာမရှိပါ။


ဒီလောက် ဖတ်ပြီး သိပြီးဆိုရင်တော့ အမြော်မြင်ရှိတဲ့ Volvo/Renault အုံနာများအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုချနိုင်အောင် အထောက်ကူပြုနိုင်လို့ ကျေနပ်မိပါပြီ။


(ရင်နှင့်ရင်းတဲ့)

မြန်မာမော်တော်

Europe Trucks Service Centre

(၅၈လမ်း ၊ မင်္ဂလာ-ရတနာကြား၊ စက်မှု့၊ မန္တလေးရွှေမြို့တော်)

ကိုရစ်ကီကျော်

၀၉-၇၈ ၅၅၅၉၁၁၉




9 views0 comments
bottom of page