top of page
Search

ခရီးဝေးထွက်မယ့် ဗောက်ဆောကားများအတွက် စစ်ဆေးရန်

Updated: Oct 12, 2019

မြန်မာမော်တော်ရဲ့ ကြင်နာတတ်သော ဗောက်ဆောကားပိုင် တို့ရေ… သင်္ကြန်ပိတ်ရက်ရှည်မှာ ခရီးထွက်မယ်ဆိုရင် ဒါတွေ စနစ်တကျ စီစစ်ရပါမယ်.. စစ်ဆေးရရှိတဲ့တန်ဖိုးအပြောင်းလဲတွေကို မှတ်တမ်းတင်ထားရပါမယ်..


ပုံဟောင်း Vauxhall Astra နဲ့ ပုံပြောင်း Vauxhall Sport Tourer ၂မျိုးလုံးမှာတော့..


(၁) မန်နူရယ်ဂီယာဖြစ်လို့ ဂီယာပိုင်းကိုအသေးစိပ်စစ်ရမှာက

- ဂီယာကြိုးနဲ့ဂီယာလင့်တွေ

- ဂီယာဘောက်အထဲက ဘောအခြေနေ

- ကလပ်ပြားအခြေနေ

- ကလပ်ဘောအခြေနေ

- ဖလိုင်းဝှီး နဲ့ဖင်းဂါးအခြေနေ


(၂) ကားကိုယ်တိုင်က အပေ့ါစားမဟုတ်ပဲ ဝိတ်ပါနေတော့ အောက်ပိုင်းအသေးစိပ်စစ်ရမှာက

- ရှေ့ဘတ်တာဖလိုင်းဘွတ်တွေ

- ရှေ့ရှော့ဘား အထိုင်နဲ့ ကွိုင်စပရိန်အထိုင်တွေ

- ရှေ့ဟတ်ဘော နဲ့ ဒူးဇစ်ကီးလိုင်းတွေ

- နောက် ဟတ်ဘောနဲ့ နောက်ထိန်းကွိုင်စပရိန်အထိုင်ပါ ဘွတ်တွေ


(၃) ဗောက်ဆောကား ဟာ ဒီဇယ်ကားဖြစ်လို့ အထူးအသေးစိပ်စစ်ရမှာက


- Common Rail Pressure ကို Idle Speed နိုးစတန်ဖိုး နဲ့ Top Speed မိုင်ကုန်တန်ဖိုး တွေကို System Auto Value တွေနဲ့ Compensation Set Point တွေကိုစစ်ဆေး မှတ်တမ်းတင်ရပါမယ်။


- Pump Pressure ကို Idle Speed နိုးစတန်ဖိုး နဲ့ Top Speed မိုင်ကုန်တန်ဖိုး System Auto Value တွေနဲ့ Compensation Set Point တွေကိုစစ်ဆေး မှတ်တမ်းတင်ရပါမယ်။


- MAF Sensor/ MAP Sensor/ Crank Sensor/ Turbo Sensor/ Vaccum Solenoid Pack တွေမှာ စံနှုန်း မှီမမှီ စစ်ဆေးမှတ်တမ်းတင်ရပါမယ်။


- နော်ဇယ် Injector တွေရဲ့ Flow rate တွေမှာ Idle Speed နိုးစတန်ဖိုး နဲ့ Top Speed မိုင်ကုန်တန်ဖိုး တွေကို System Auto Value တွေနဲ့ ချိန်ဆနိုင်းယှဉ် မှတ်တမ်းတင်ရပါမယ်။


- EGR ဘားတွေရဲ့ Idle RPM / Top RPM တွေမှာ လေအချိုးဆ အပြောင်းလဲတန်ဖိုး နှုန်းရှင်တန်ဖိုးအလိုက် အတက်အကျ အဖွင့်ပိတ် အလုပ်လုပ်ခြင်းရှိကြောင်း သေချာစေရပါမယ်။


- EGR Cooler အအေးခံစနစ်မှ ဆက်စပ် ဆင်ဆာတွေ ပုံမှန်အလုပ်လုပ်ကြောင်းသေချာစေရပါမယ်။


- Water Pump / Air Con Clutch / Fan Belt / Tentioner / Alternator တွေ ပုံမှန်အလုပ်လုပ်ကြောင်းသေချာစေရပါမယ်။


- အိပ်ဇောပိုင်းမှာတော့ Catalyst Converter ရဲ့ Soot အခြေနေ Regeneration Cycle Count အပိုင်းကို အဓိကထား သေချာအောင် စစ်ဆေးရပါမယ် Regen Cycle Error အဖြစ်ခံလို့မရနိုင်ပါ၊ Catalyst Sensor မှာ Exhaust Normal Pressure/ Back Pressure/ Temperature ၃မျိုးလုံးရဲ့ Sensor value တွေ Standard ရှိမှသာ ပုံမှန်အလုပ်လုပ်မှာဖြစ်တဲ့အတွက် ဆက်စပ်စနစ်တွေရဲ့ အခြေနေနဲ့ လိုက်ရောညီထွေဖြစ်အောင် Parameter ပိုင်းကို ဥတုရာသီအလိုက် လိုအပ်သလိုဖန်တီးပြုပြင်ရပါမယ်။


(၄) ဘရိတ်ပိုင်းမှာတော့ Disk Brake မို့ ရိုးရှင်းစွာ ဖန်တီးထားလို့ Brake Pad / Brake Disk/ Brake Caliper တွေကို စစ်ဆေးရပါမယ် သန့်စင်ဆေးကြောရပါမယ် လိုအပ်သလိုလဲလှယ်ရပါမယ်။


(၅) Electrical ပိုင်းမှာတော့ UHEC နဲ့ REC ကို သေချာအောင် စစ်ဆေး သန့်ရှင်းရပါမယ်


(၆) ဗောက်ဆောကားလေးရဲ့ စပယ်ယာဘီးအသေးလေးဟာ ကီလို၂၀၀ပဲမောင်းလို့ရမှာဖြစ်တဲ့အတွက် သွားမယ့်ခရီးစဉ် အကွာဝေးနဲ့ တင်ကြိုချိန်ဆရပါမယ်။ ဆီ ရေ လေ ဝိုင် နဲ့ လိုအပ် ဖစ်တာတွေ အကုန်လဲသွားလိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါလိမ့်မယ်။


*** ဒီအချက် ၆ချက်လုံး စစ်ဆေးပြီးမှ ခရီးထွက်မယ်ဆိုရင် BON VOYAGE (express good wishes to you about to set off on a journey) ပါလို့ ...


ဒါတွေ စစ်ဖို့ ဘယ်လောက်ကုန်မလဲ မမေးပါနဲ့ .. မြန်မာမော်တော် ကိုရစ်ကီကျော်ရဲ့ Genuine Customer များအတွက် အားလပ်ရက် ခရီးထွက်မယ့် ကြင်နာတတ်သောဗောက်ဆော ကားပိုင်များအတွက် သီးသန့် စစ်ဆေးပေးမှာမို့လို့ ဘာဆားဗစ်ခမှ ပေးစရာမလိုပဲ ကားသာလာရောက်စစ်ဆးဖို့လိုအပ်ကြောင်းပါ..


အချိန်- ၂၅-၃-၂၀၁၉ မှ ၁၅-၄-၂၀၁၉ အထိ နံနက် (၉)နာရီမှ ညနေ(၅)နာရီ ထိ

(တနင်္ဂနွေနေ့ Myanmar Motor Vauxhall Service ပိတ်ပါသည်။)

(VAUXHALL FREE SERVICE & DIAGNOSTIC SCHEME FOR CUSTOMERS)

DURATION- 25.3.2019 TO 15-4-2019 9:00AM TO 17:00PM

***EXCEPT SUNDAY***


ဒါမှမဟုတ် တော်ရုံကိစ္စဖြစ်လာခဲ့ရင် ဘယ်မှာပဲပြင်ပြင် အကြံတောင်းခံစရာအကြောင်းရှိခဲ့ရင်တော့ …

ကိုရစ်ကီကျော် - 09-78 5559 119

ကိုမင်းနိုင် - 09-79 5559 119


ရင်နဲ့ရင်းတဲ့

မြန်မာမော်တော်

Vauxhall Service Centre

(၅၈လမ်း ၊ မင်္ဂလာ-ရတနာကြား၊ စက်မှု့၊ မန္တလေးရွှေမြို့တော်)

ကိုရစ်ကီကျော်

၀၉-၇၈ ၅၅၅၉၁၁၉



5 views0 comments
bottom of page