top of page
Search

တန်ရာချီဆွဲမယ့် MAN TGA 33.530 6x4 ၁၀ဘီး ကားကြီးအတွက် ၁၂လစာ Full Service Checking

အင်ဂျင်ပိုင်းကတော့ ... Pressure ၆မျိုးကို တိတိကျကျစစ်ပေးရမယ် ... Pump Pressure / Rail Pressure / Turbo Pressure / Injection Pressure / Controller Pressure / Oil Crank Pressure

အားလုံးပုံမှန်ရှိနေလို့ လုံလောက်ပြီ ...


ဂီယာပိုင်းအဖြစ် Heavy Duty သုံးကလပ်စနစ်မှာ ကလပ်ပြားအပူသက်သာအောင်နဲ့ ရုန်းအား ဆွဲအား Torque ပိုကောင်းအောင် MFZ Twin-Clutch System ကလပ်ပြား ၂ချပ်သုံးစနစ် အော်ရီဂျင်နယ်အသစ်စက်စက်မှာလဲလိုက်ပြီ... Clutch Travel Sensor Calibration လုပ်ဖို့လိုမယ် ... Clutch Biting Point ကို Calibration လုပ်ဖို့လိုမယ် ... ဒီတော့ Vehicle Management Computer System တခုလုံး Reset လုပ်ပြီးမှသာ Clutch Calibration လုပ်ဖို့ အသင့်တော်ဆုံးပဲ ... ဒါမှသာ ကလပ်စနစ်က engine torque levels up to 3800 Nm အထိ အတိအကျအလုပ်လုပ်နိုင်စေမယ် ...


ဘရိတ် EBS 2.3 Version မို့လို့ EBS System Date ကို up to date 2020 ဖြစ်အောင် EBS Control System Reset လုပ်ပေးရပါမယ် ... ဒါမှ Service Vehicle Warning Message ပျောက်သွားမယ် ...


(၁) အင်ဂျင်၏ကောင်းခြင်း အဖြစ်

EURO 3 အင်ဂျင် ၅၃၀ အားကို ၆လုံးထိုး မှာ တာဘို ၁လုံးထဲနဲ့ကို အပို အား ၁၀% ထပ်သုံးနိုင်သေးလို့

တန် ၁၀၀ လောက်တော့ PUSH & PULL တွန်းမလား ဆွဲမလား လမ်းကြမ်း ချောမရွေး ပါးပါးလေးပေါ့လေ ...


(၂) ဂီယာ၏ကောင်းခြင်း အဖြစ်

ကမ္ဘာကျော် ZF ECOSPLIT Manual ၁၆ချက် ဂီယာကို MFZ Type - Twin Disc Clutch System နဲ့ တပ်ဆင်ထားလို့ Over Size Cargo ပစ္စည်းတွေတင်ထားရင် တန် ၁၀၀ လောက်ကို ကလပ်တချက်မနင်းပဲ လက်ထဲက Comfort Shift ခလုတ်ကလေးကနေ စွေ့ကနဲ ရွေ့သွား စေမယ့် အပြင် အင်တာဒါလေးနဲ့ အပိုဆောင်းထားလို့ အတက်ဖြစ်စေ အဆင်းဖြစ်စေ လိုရာစေရုံပေါ့လေ ...


(၃) ဘရိတ်၏ကောင်းခြင်း အဖြစ်

ရှေ့နောက်လေးပတ်လည် မှာ ရှေ့ကို ဒစ်ဘရိတ် နောက်ယက်၂တန်းကို ဟတ်ဘရိတ် အဖြစ် EBS 2.3 Version Service Brake သုံးထားပီး Engine Brake လဲ အော်တို Intarder Brake လဲ အော်တို ဆိုတော့ တန် ၁၀၀ လောက်တင်အားကို စိတ်ချလက်ချမိစေမှာပါ ...



နောက် ၁၂ လ နေမှ ပြန်ဆုံကြမယ်လေ ...


(ရင်နှင့်ရင်းတဲ့)

ကိုရစ်ကီကျော် - ၀၉-၇၈ ၅၅၅ ၉၁၁၉

မြန်မာမော်တော် (မန္တလေး ဆားဗစ်စင်တာ)

အမှတ် ၅၁၊ ၅၈ လမ်း၊ မင်္ဂလာလမ်း နှင့် ရတနာလမ်း ကြား၊

စက်မှုဇုံ ၁၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။




50 views0 comments
bottom of page