top of page
Search

တန် ၂၅၀ ဆွဲမယ့် MAN V8 TGX41.680 8x4/4 ၁၂ဘီး ကားကြီး အတွက် ၁၂လစာ Full Service Checking

အင်ဂျင်ပိုင်းကတော့ ... Pressure ၇မျိုးကို တိတိကျကျစစ်ပေးရမယ် ... Pump Pressure / Rail Pressure / Turbo Pressure / Injection Pressure / Controller Pressure / Oil Crank Pressure / Exhaust Back Pressure အားလုံးပုံမှန်ရှိနေလို့ လုံလောက်ပြီ ... EURO 5 မို့လို့ Adblue System ပါတဲ့အတွက် NOx System Manual Initialize Test စစ်ရင်လုံလောက်ပြီ.. DPF Regeneration Cycle မပြည့်လို့ ကျော်ခွဖို့တော့ ယောင်လို့တောင်မစဉ်းစားမိစေနဲ့ ...


ဂီယာပိုင်းအဖြစ် Clutch Travel Sensor Value ကိုသံသယရှိတော့ ဂီယာဘောက်ချကြည့်မှ သေချာသလောက်ရှိနေပြီမို့ Heavy Duty သုံး Intermediate Plate နဲ့ STAR SHAPE ကလပ်ပြား အော်ရီဂျင်နယ်အသစ်စက်စက်မှာလဲလိုက်ပြီ... Clutch Engagement Point ကိုမှန်းသလောက်ရမလာပေမယ့် ကီလိုမီတာ ၁၀၀ လောက်ကို ဂီယာအကုန် 1 to 12 Test Drive မောင်းကြည့်ရမယ်... ကလပ်ဆာဗိုကိုတော့ ဆက်သုံးဖြစ်မယ်၊ တဆက်ထဲ Heavy Duty WSK Torque Converter Teamperature ကိုစောင့်ကြည့်ပေးရမယ်... ZF Standard ဆီကိုပြန်ဖြည့် အထပ်ထပ်ပြန်စစ်... Clutch Valve / High / Low / Split တွေ အထပ်ထပ်ပြန်စစ် ... စိတ်ချရပြီဆိုမှ ASTRONIC SyS Control ဆီကို Service Record Reset ပို့ပေးလိုက်ရုံ...


ဘရိတ် EBS 5 Version မို့လို့ EBS System Date ကို up to date 2020 ဖြစ်အောင် EBS Control System Reset လုပ်ပေးရပါမယ် ... ဒါမှ Service Vehicle Warning Message ပျောက်သွားမယ် ...

Tachograph ကတော့ မဖြစ်နေ ပရိုဂရမ်ပြန်ရေးပေးရတော့မယ်


(၁) အင်ဂျင်၏ကောင်းခြင်း အဖြစ်

EURO 5 အင်ဂျင် ၆၈၀ အားကို ၈လုံးထိုး မှာ တာဘို ၂လုံးနဲ့ကို အပို အား ၁၀% ထပ်သုံးနိုင်သေးလို့

တန် ၂၅၀ကျော် လောက်တော့ PUSH & PULL တွန်းမလား ဆွဲမလား လမ်းကြမ်း ချောမရွေး ပါးပါးလေးပေါ့လေ ...


(၂) ဂီယာ၏ကောင်းခြင်း အဖြစ်

ကမ္ဘာကျော် ZF TC-TRONIC အထူးထုတ် ၁၂ချက် Auto ဂီယာကို Special Coated STAR Clutch Plate နဲ့ တပ်ဆင်ထားလို့ Over Size Cargo ပစ္စည်းတွေတင်ထားရင် တန် ၂၅၀ကျော် လောက်ကို သာသာလေး စွေ့ကနဲ ရွေ့သွား စေမယ့် အပြင် အင်တာဒါလေးနဲ့ အပိုဆောင်းထားလို့ အတက်ဖြစ်စေ အဆင်းဖြစ်စေ လိုရာစေရုံပေါ့လေ ...


(၃) ဘရိတ်၏ကောင်းခြင်း အဖြစ်

ရှေ့နောက်လေးပတ်လည် မှာ ရှေ့နဲ့ခါးကို ဒစ်ဘရိတ် နောက်ယက်၂တန်းကို ဟတ်ဘရိတ် အဖြစ် EBS 5 Version Service Brake သုံးထားပီး Engine Brake လဲ အော်တို Intarder Brake လဲ အော်တို ဆိုတော့ တန် ၂၅၀ကျော် လောက်တင်အားကို စိတ်ချလက်ချမိစေမှာပါပဲ ...


နောက် ၁၂ လ နေမှ ပြန်ဆုံကြမယ်လေ ...


(ရင်နှင့်ရင်းတဲ့)

ကိုရစ်ကီကျော် - ၀၉-၇၈ ၅၅၅ ၉၁၁၉

မြန်မာမော်တော် (မန္တလေး ဆားဗစ်စင်တာ)

အမှတ် ၅၁၊ ၅၈ လမ်း၊ မင်္ဂလာလမ်း နှင့် ရတနာလမ်း ကြား၊

စက်မှုဇုံ ၁၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။



160 views0 comments
bottom of page